Tuesday, October 13, 2009

Girls...???

When a girl is quiet ... millions of things are running in her mind.

When a girl is not arguing ... she is thinking deeply.

When a girl looks at you with eyes full of questions ... she is wondering how long you will be around.
When a girl answers ' I'm fine ' after a few seconds ... she is not fine at all.

When a girl stares at you ... she is wondering why you are lying.

When a girl lay on your chest ... she is wishing for you to be hers 4ever.

When a girl wants to see you everyday... she wants to be yours 4ever. When a girl says ' I love you ' ... she means it.

When a girl says ' I miss you ' ... no one in this world can miss you more than that.
မကျိန်းသေတဲ့နောက်ဘ၀ကို ငါမမျှော်ပါဘူးမနက်ဖြန် နင်ငါ့ကိုချစ်နေဖို့တောင် ငါမှာမနည်းဆုတောင်းနေရတာ နောက်ဘ၀ဆိုတာဝေးလွန်းပါတယ်

Saturday, October 3, 2009

ကောင်လေးတွေမသိဘူး...

ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေက သူ့ဆီဖုန်းဆက်စေချင်တာလဲ စာလေးတွေပို့စေချင်တာလဲဆိုတာကို…
ကောင်မလေးတွေက ဖွဲ့နွဲ့နေတဲ့စကားလုံးတွေကို လိုလားတာမဟုတ်ပါဘူး။ ကောင်လေးဘယ်လောက်အလုပ်ရှုပ်နေပါစေ ကောင်မလေးကို သတိရနေပါတယ်ဆိုတာကို သိချင်နေတာပါ။

----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် အစားသွားစားမယ်လို့ပြောတာကို…
ကောင်မလေးတွေကတကယ်စားချင်နေတာမဟုတ်ပါဘူး။ ကောင်လေးနဲ့ နှစ်ယောက်ထဲ စားနေရတဲ့အချိန်ကို ကြည်နူးလို့ပါ။ နှစ်ယောက်ထဲကမ္ဘာမှာနေချင်လို့ပါ။

----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်လက်ဆောင်လိုချင်တာလဲ….
ကောင်မလေးတွေကတောင်းဆိုလိုက်တဲ့အရာကို ကောင်လေးတွေဝယ်ပေးမှာလား မ၀ယ်ပေးဘူးလားဆိုတာကို သိချင်တာပါ။ အဓိကတော့ ကောင်မလေးအတွက် ကောင်လေးဒီပိုက်ဆံကိုဖြုန်းပေးနိုင်လားဆိုတာကိုသိချင်တာပါ။

----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်ကောင်လေးကိုအလုပ်ကြိုးစား ခိုင်းတာလဲဆိုတာကို….ကောင်မလေးတွေက ကောင်လေးလာတောင်းမဲ့နေ့ကို စောင့်မျှော်နေတာပါ။ အလုပ်တွေ အဆင်ပြေမှ သူတို့ရှေ့ရေးအေးရအောင်လို့ပါ။

----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် တတွတ်တွတ်ရွတ်နေတာလဲ.ကောင်မလေးတွေလဲ အဘွားကြီးတယောက်အသွင်မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ကောင်လေးအပေါ် ဂရုစိုက်တာတွေ စိတ်ပူတာတွေက အတိုင်းထက်လွန်သွားတာပါ။

----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေစိတ်တိုရင် လမ်းခွဲမယ်လို့ပြောတာလဲကောင်မလေးတွေတကယ်လမ်းခွဲချင်လို့မဟုတ်ပါဘူး။ ကောင်လေးရဲ့ ယုယမှုတွေ အချစ်တွေကို သူတို့တွေ ပြန်ရှာယူတာပါ။

----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ လမ်းခွဲပြီးနောက် ကောင်လေးကို သူငယ်ချင်းအသွင်နဲ့ ဂရုစိုက်နေသေးတာလဲ…ကောင်မလေးတွေ တကယ်တော့ သူငယ်ချင်းအဖြစ်ပြန်ဟန်ဆောင်ရတာရင်မောလှပါတယ်။ ကောင်မလေးက သူတို့ရဲ့အချစ်ကို ပြန်စောင့်စားမျှော်လင့်မိတာပါ။

----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ လမ်းခွဲပြီးနောက် ညတိုင်းငိုနေရတာလဲ….
ကောင်မလေးတွေသိတယ် ဒီညတာငိုကြွေးတာနဲ့ မအိပ်ခဲ့ဘူးဆိုရင် သူလွမ်းလို့အိပ်နိုင်မှာမဟုတ်ဘူး။

----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ သူတို့ကို ရှောင်တာလဲဆိုတာ
ကောင်မလေးတွေက ကောင်လေးကို မတွေ့ချင်လို့မဟုတ်ပါဘူး။ တွေ့လိုက်ရင် သူ့ခံစားချက်တွေ ပေါ်လာပြီး အခြေအနေတွေ ဆိုးရွားသွားမှာကို မလိုလားလို့ပါ။

----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေစိတ်ကောက်ရတာလဲ….
ချစ်တဲ့သူကိုသာစိတ်ကောက်တာပါ… ချစ်တဲ့သူကို အရေးလုပ်လို့… သူ့ကိုနားလည်စေချင်လို့ပါ။

----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ စိတ်လဲမကောက်ရန်လဲမဖြစ်ပဲ တိတ်ဆိတ်နေရတာလဲဆိုတာ…ကောင်မလေးခံစားနေရတာဘယ်လောက်နာကျင်နေပါစေ..တခါတခါ ကောင်လေးတွေရဲ့စိတ်ကို သူတို့ပြောင်းလဲလို့ရတာမဟုတ်လို့ ကောင်မလေးက သူ့ရဲ့စိတ်ကို ငြိမ်သွားအောင် တိတ်တိတ်နေလိုက်တာပါ။

----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေအရင်ရည်းစားကို မေးမေးနေတာလဲဆိုတာ…
ကောင်မလေးတွေက အရင်ရည်းစားလို သူ့ကိုချန်ထားခဲ့မှာစိုးရိမ်နေလို့ပါ။

----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေကကောင်လေးရဲ့ရှင်းပြချက်တွေကို နားထောင်ပေးတာလဲ….ကောင်မလေးတွေ စိတ်မတိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကောင်လေးရဲ့ ရှင်းပြချက်ထဲကနေ သူအရေးကြီးတာလား တခြားသူအရေးကြီးတာလားဆိုတာကို သိချင်လို့ သေချာနားထောင်ပေးနေတာပါ။


ကဲ.......ကောင်လေးသူငယ်ချင်းတွေ...ကိုယ့်ကောင်မလေးတွေကို ဒီ့ထက်ပိုပြီး နားလည်နိုင်ပါစေ...

Saturday, August 1, 2009

Good story

ဟိုးရှေးရှေးတုန်းကပေါ့ မိဘုရားလေးယောက် ရှိပြီး သိပ်ကို ချမ်းသာကြွယ်ဝတဲ့
ဘုရင်ကြီးတစ်ပါး ရှိသတဲ့။ ဘုရင်ကြီးဟာ သူ့ရဲ့ စတုတ္ထမြောက် မိဘုရားကိုတော့
အချစ်ဆုံးဖြစ်ပြီး အကောင်းဆုံး၊ အနူးညံ့ဆုံး၊ အချိုမိန်ဆုံး ဆက်ဆံပါသတဲ့။
တတိယမြောက် မိဘုရားကိုလည်း ချစ်တာပါပဲ။ အိမ်နီးချင်း
တိုင်းပြည်တွေကိုလည်း တတိယမြောက် မိဘုရားကို ကြွားလေ့ ရှိပါတယ်။ ဒါပေမယ့်
ဒီမိဘုရားဟာ သူ့ကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ထားသွားခဲ့မှာကိုတော့ သူ
စိုးရိမ်နေတတ်ပါတယ်။

ဒုတိယမြောက် မိဘုရားကို ချစ်တာကျတော့ တစ်မျိုး.. အဲဒီ မိဘုရားကို သူ့ရဲ့
တိုင်ပင်ဖော်၊ တိုင်ပင်ဖက်၊ ယုံကြည်အားကိုရာအဖြစ် ဘုရင်ကြီးက မှတ်ယူတယ်။
ပြသနာတွေ ဖြစ်လာတိုင်းမှာ ဒုတိယမြောက် မိဘုရားနဲ့တိုင်ပင်လေ့ရှိပြီး
မိဘုရားကလည်း အမြဲကူညီ ဖြေရှင်း ပေးပါတယ်။ ပထမဦးဆုံး မိဘုရားကတော့
ဘုရင်ကြီး အပေါ်မှာ တော်တော်သစ္စာ ရှိပါတယ်။ ဘုရင်ကြီးရဲ့
အုပ်ချုပ်ရေးပိုင်းတွေမှာ ပါဝင်ကိုင်တွယ်ပေးပြီး ဘုရင်ကြီးကိုလည်း
နှစ်နှစ်ကာကာကို ချစ်ခင် မြတ်နိုးပါတယ်။ ဒါပေမယ့် ဘုရင်ကြီးကတော့
သူ့ကိုတစ်ခြား မိဘုရားတွေလောက် မချစ်ပါဘူး။

တစ်ရက်မှာတော့ ဘုရင်ကြီးဟာ အသည်းအသန်ကို နာမကျန်း ဖြစ်ပါတယ်။ သူ့ဘဝ
သက်တမ်း ကုန်ဆုံးတော့မှာကို သိနေတဲ့ ဘုရင်ကြီးဟာ သူ့ရဲ့
ချမ်းသာကြွယ်ဝမှုတွေ၊ ဇိမ်ရှိရှိ နေခဲ့ရတဲ့ အကြောင်းကို
ပြန်လည်စဉ်းစားမိပြီး "ငါ့မှာ မိဘုရားလေးယောက် ရှိတယ်.. ဒါပေမယ့်
ငါသေရတော့ တစ်ယောက်ထဲပါလား" လို့တွေးမိတော့တယ်။ နောက်တော့
သူကသူ့ရဲ့စတုတ္ထမြောက်မိဘုရားကိုခေါ်ပြီးမေးလိုက်တယ်..။

"အချစ်ရေ.. ကိုယ်မင်းကို အချစ်ဆုံးပဲ ဆိုတာ မင်းသိတယ်နော်..
မင်းကိုကောင်းပေ့၊ လှပေ့ဆိုတဲ့ အ၀တ်အစားတွေ၊ အသုံးအဆောင်တွေကို
ချီးမြှင့်ခဲ့တယ်၊ မင်းကိုလည်း ငါ အရမ်း ဂရုစိုက်ခဲ့တယ်.. မင်း ငါနဲ့
အတူတူ လိုက်သေနိုင်မလား" ။ မိဘုရားက "လုံးဝပဲ" လို့ ပြန်ပြောလိုက်တယ်။
နောက်ထပ် စကား တစ်လုံး တလေမှ မပြောပဲ လှည့်ထွက်သွားခဲ့တယ်။ သူ့ရဲ့
အဖြေစကားဟာ ဘုရင်ကြီးရဲ့ နှလုံးသားကို ဓါးနဲ့မွှန်းသလိုပဲ ခံစား ရစေပါတယ်။

ဝမ်းနည်းသွားတဲ့ ဘုရင်ကြီးဟာ ဒုတိယမြောက် မိဘုရားကို ခေါ်ပြန်တယ်။
"ငါဟာမင်းကို ငါ့ဘ၀နဲ့ ချီပြီး ချစ်ခဲ့တယ်။ ခုတော့ ငါသေရတော့မယ်.. မင်း
ငါနဲ့တူတူ လိုက်သေနိုင်မလား"။ "မသေနိုင်ပါဘူးရှင်... ဘ၀ဆိုတာ
ကောင်းတာတွေကို ခံစားဖို့ ဖြစ်လာတာ.. ရှင်သေရင် ကျွန်မ နောက်တစ်ယောက်နဲ့
လက်ထပ်မှာပေါ့" လို့ ဖြေလိုက်တယ်။ ဘုရင်ကြီးရဲ့ နှလုံးသားဟာ အေးစက်
တောင့်တင်း သွားလေရဲ့။

နောက်တော့ တတိယမြောက် မိဘုရားကိုလည်း ခေါ်လိုက်တယ်။ "ငါဟာ အမြဲတမ်းပဲ
မင်းရဲ့ အကူအညီတွေကို ယူခဲ့တယ်.. မင်းကလည်း ပြသနာတွေကို ငါနဲ့အတူတူ
ရင်ဆိုင်ခဲ့တယ်။ ငါနဲ့ တူတူ လိုက်သေနိုင်မလား အချစ်ရယ်"။
"၀မ်းနည်းပါတယ်ရှင်.. ဒီတစ်ခါတော့ ကျွန်မ ရှင့်ကို မကူညီနိုင်တော့ပါဘူး..
အဲ ဒါပေမယ့် ရှင့်ရဲ့ အသုဘကိုတော့ ကျွန်မ လိုက်ပို့ပေးပါ့မယ်.. ရှင့်ရဲ့
အုတ်ဂူဆီသို့လည်း ကျွန်မ လာပါ့မယ်"လို့ ပြန်ဖြေလိုက်တယ်။ ဘုရင်ကြီးဟာ
အတော်လေးကို စိတ်ဆင်းရဲသွားတယ်။

အဲဒီအချိန်မှာပဲ "ကျွန်မ ရှင်နဲ့ အတူတူ လိုက်သေမယ်.. ရှင်ဘယ်သွားသွား
ရှင့်နောက်က ကျွန်မလိုက်ဖို့ အသင့်ပါပဲ" ဆိုတဲ့ အသံကို ကြားလိုက်ရတယ်။
ဘုရင်ကြီးဟာ ချက်ချင်းပဲ ခေါင်းထောင် ကြည့်လိုက်တယ်။ သူ့ရဲ့ ပထမဆုံး
မိဘုရားကို သူ တွေ့လိုက်ရတယ်။ သူမဟာ အတော်လေးကို ပိန်လှီးနေပြီး
ဝေဒနာခံစားနေရပုံ ပေါက်နေတယ်။ ဘုရင်ကြီးဟာ နောက်ဆုံး အနေနဲ့ သူမကို
ပြောလိုက်တယ် "ငါ မင်းကို ပိုဂရုစိုက်ခဲ့သင့်တာ.. နောက် ဘ၀မှာ အခွင့်အရေး
ရှိမယ်ဆိုရင် ငါ ပြန်လည်ပေးဆပ်ဖို့ မျှော်လင့်ပါတယ်" လို့ ပြောလိုက်တယ်။

ပုံပြင်လေးကတော့ ဒါပါပဲဗျာ။ ဟုတ်ပါတယ်။ ကျွန်တော်တို့တွေရဲ့ ဘ၀မှာ
ဇနီးလေးယောက် ရှိပါတယ်..။ စတုတ္ထမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့
ကိုယ်ခန္ဓာပါပဲ.. သူ့ကို ဘယ်လောက်ပဲ ကောင်းကောင်း ကျွေးမွေး
ပြုစုခဲ့ပါစေ.. သေသွားတဲ့ တစ်နေ့မှာတော့ ထားခဲ့ရတာပါပဲ။ တတိယမြောက်
ဇနီးကတော့ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေပါ။ ကိုယ်သေသွားတဲ့ အချိန်မှာ
တစ်ပါးသူ လက်ထဲ ရောက်သွားတာပဲလေ။ ဒုတိယမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့
မိသားစုနဲ့ သူငယ်ချင်းတွေပေါ့။ အသက်ရှင်နေစဉ်မှာ အနားမှာရှိပြီး
ဘယ်လောက်ပဲ ကောင်းခဲ့ ကောင်းခဲ့၊ သူတို့တွေ ကိုယ့်အတွက် အများဆုံး
လုပ်ပေးနိုင်တာကတော့ ကိုယ်သေသွားတဲ့ အချိန်မှာ အသုဘ လိုက်ပို့မယ်..
နောက်တော့ အုတ်ဂူလေးဆီ လာကြမယ်.. ဆုတောင်းပေးကြမယ်။ အဲ. ပထမဆုံး
ဇနီးကတော့ ကျွန်တော်တို့တွေရဲ့ .. စိတ်(ကုသိုလ်စိတ်-အကုသိုလ်စိတ်)
ပဲပေါ့ဗျာ။ သူ တစ်ခုတည်းကသာ သေသွားတဲ့ အချိန်မှာ ကိုယ်သွားရာ နောက်ကို
လိုက်နိုင်တဲ့ သူတွေပေါ့။

အဲဒီတော့ ကျွန်တော်တို့တွေ လုပ်သင့်တာက ကိုယ့်ရဲ့ စိတ်ဓါတ်၊
စိတ်အင်အားကို ခုကတည်းက တောင့်တင်း ခိုင်မာအောင် လုပ်ကြဖို့ပါပဲ။
ပြောရမယ်ဆိုရင် ကိုယ်သေချိန်မှာ ဘ၀ကူးကောင်းအောင် ခုကတည်းက ပြင်ဆင်
ထားသင့်တာပေါ့။ ကျွန်တော်တို့ ကျင်လည်ရာ သံသရာမှာ သူကသာ အဓိကဖြစ်ပါတယ်။
ဒီအတွက် အဆင်သင့်နဲ့ အကောင်းဆုံး ဖြစ်နေမှာပဲပေါ့။

Monday, July 27, 2009

Sorry...!!!

ကောင်လေးနဲ့ကောင်မလေး ကငယ်တုန်းကတည်းက သူငယ်ချင်းတွေပေါ့….ရေကန်ဘေးမှာ ပုဇွန်တွေအတူတူသွားဖမ်းကြတယ်… ကောင်လေးအများကြီးရပေမဲ့ ကောင်မလေး တစ်ကောင်မှ မမိခဲ့ဘူး။ ကောင်မလေး ၀မ်းနည်းစွာနဲ့ အိမ်ပြန်လာတယ်… မပျော်နိုင်ဘူး။ ညနေ ကောင်လေးလာရှာတယ်။ ကောင်လေးကိုတွေ့တော့ စိတ်ဆိုးစွာနဲ့ လှည့်ထွက်လာတော့ ကောင်လေးက “sorry ငါနင့်ဖမ်းမဲ့ပုဇွန်တွေကို ငါဖမ်းလိုက်မိတယ်။ ရော့ … ကန်ထဲမှာမွေးထားလိုက်” ကောင်မလေး ပြုံးသွားတယ်။
ဖြူစင်လွန်းတဲ့ sorry
ကောင်မလေးစိတ်ဆိုးပြီး ကောင်လေးကအမြဲလိုက်ချော့လိုက်နဲ့ သူတို့ ကြီးပြင်းလာကြတယ်။
ကောင်မလေးရဲ့ အအော်အငေါက်တွေကို ခံရင်း စလိုက်ချော့လိုက်နဲ့ ….
ကောင်လေးအရမ်းကို ချစ်မိနေပြီ…..ကောင်မလေးရဲ့ စက်ဘီးလေကိုလျော့ပြီး ကောင်မလေးနားမှာနေခွင့် ရအောင် ကောင်လေးဖန်တီးခဲ့တယ်….
ကောင်လေးစက်ဘီးလေးကို တွန်းရင်း ကောင်မလေးက ငြီးငြူတယ်….
ဒါနဲ့ ကောင်လေးက “sorry ပါ.. ငါမှားပါတယ်….”
ကောင်မလေးက နောက်ဆိုဒီလိုမလုပ်ဖို့ပြောတယ်…ကောင်လေးခေါင်းကလေးကိုညိမ့်ပြီး သူတို့ရဲ့ အပြုံးနဲ့ နေ့ရက်တွေကို ဖြတ်သန်းတယ်…
ပျော်ရွှင်ခြင်းရဲ့ sorry
ကျောင်းလဲပြီး နှစ်ယောက်လုံးအလုပ်တွေရတော့ တွေ့ဖို့ အချိန်တွေနည်းလာတယ်….
ကောင်မလေးနဲ့ ပထမအကြိမ်ရန်ဖြစ်ကြတယ်… ကောင်လေးက အလုပ်အတွက်လို့ပြောတော့ ကောင်မလေးအလျော့ပေးလိုက်တယ်… ဒီလိုနဲ့ အကြိမ်ပေါင်းများစွာ ရန်ဖြစ်လိုက် ပြန်ခေါ်လိုက်နဲ့…..
ကောင်မလေးရဲ့မွေးနေ့ကို အတူတူဖြတ်သန်းမယ်လို့ကတိပေးခဲ့တဲ့ ကောင်လေးဟာ ကောင်မလေး စောင့်တာ မနက်ရောက်တော့ မျက်ရည်စက်နဲ့အတူ အိပ်ပျော်သွားခဲ့တယ်…
မျက်ရည်စက်နဲ့ အိပ်မောနေတဲ့ ကောင်မလေးကို သူအရမ်းသနားသွားတယ်….
“sorry ငါ့ကိုလက်ထက်ခွင့်ပေးပါလား”
ချိုမြန်တဲ့တာဝန်ယူမှုရဲ့ sorry
လက်ထက်ပြီးနောက် ကောင်လေးအလုပ်အကိုင်တွေအရမ်းအောင်မြင်လာတယ်… အမြဲတမ်း ဧည့်သည်တွေနဲ့ ညစာစားလိုက်နဲ့ အိမ်မှာပြင်ထားတဲ့ ထမင်းတွေကိုသွန်ပစ်လိုက်ရတဲ့ အထိ….
ကောင်မလေး ဈေးကနေ ပုဇွန်းလေးတွေ ၀ယ်လာပြီး ငယ်စဉ်ကို အောက်မေ့ပြီး မွေးထားတယ်…
ဒီလိုနဲ့ ကောင်လေးပြန်လာရင် ရေမွေးနံ့တွေပါပါလာတယ်….
ကောင်မလေးမေးတာကို ကောင်လေးက “ဟာ…ဧည့်သည်တွေများလို့ပါ…”
ကောင်မလေး အဲဒီကနေစပြီး စကားသိပ်မပြောတော့ဘူး….အရင်တုန်းက ကောင်မလေးမဟုတ်တော့ဘူး…
ကိုးရီးယားဇာတ်ကားတွေကို ကြည့်ရင်း ခံစားရင်း ငိုရင်း နဲ့ ……
ကောင်လေးပြန်လာရင်လဲမမေးတော့ဘူး..
ဒါနဲ့ ကောင်လေးက “အလုပ်အရမ်းများတော့ ထမင်းသွားသွားစားနေရတယ် အလုပ်သဘောတွေပေါ့.. sorryပါ”
လိမ်ညာခြင်းရဲ့ sorry
ဒီလိုနဲ့ ကောင်လေးမပြန်လာတဲ့ညတွေများလာတယ်။ အိမ်ပြင်မထွက်.. တစ်ယောက်ထဲ အထီးကျန်နေတယ်….. ကောင်လေးကို ဖုန်းဆက်ပေးတော့…
“sorry အလုပ်အရမ်းရှုပ်နေတယ်” ကောင်မလေးဖုန်းချလိုက်ရတယ်…. ဒါနဲ့ ကောင်လေးဘယ်အချိန်ပြန်လာမှာကို သူဖုန်းဆက်မမေးတော့ဘူး။
ဖုန်းကွယ်ခြင်းရဲ့ sorry
ကောင်မလေး ရုပ်ရှင်ထဲကလို အလှတွေပြင်လာတယ်.. အော် ကောင်လေး သူ့အပေါ် ငြီးငွေ့နေတာများလားပေါ့။ သူ့ရဲ့ပျော်ရွှင်မှုကို သူဖန်တီးယူမယ်။ ဒါနဲ့ သူတစ်ခါမှာမသွားဘူးတဲ့ ကောင်လေးရဲ့ ရုံးကိုသွားခဲ့တယ်။ ကောင်လေးရဲ့အောင်မြင်မှုတွေကို သူတအံ့တသြနဲ့ ကြည့်ရင်း ကောင်လေးရုံးခန်းဆီကို သူဦးတည်သွားခဲ့တယ်….ကောင်လေးအံ့သြသွားအောင် တံခါးကို ဖြည်းဖြည်းချင်းဖွင့်လိုက်တယ်…
သူတွေ့တာတော့ ပုဇွန်တွေကို လာပေးတဲ့ အရင်ကကောင်လေးမဟုတ်ဘူး….
အခြားကောင်မလေးနဲ့ ဖောက်ပြန်နေတဲ့…. အသိတရားမရှိတော့တဲ့ လူကို သူတွေ့တော့ … ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်…
အတော်ကြာမှ ကောင်လေးသတိထားမိသွားတယ်… ကောင်မလေးထွက်ပြေးသွားတယ်… ကောင်လေးအရမ်းလန့်ပြီး ကောင်မလေးနောက်ပြေးလိုက်တယ်….
ကောင်လေးအော်နေတာကို မကြားနိုင်တော့ဘဲ ပြေးသွားတယ်
“sorry ငါနင့်ကိုပဲချစ်တာပါ sorry ပါ”
နာကျင်မှုတွေပေးတဲ့ sorry
ကောင်လေးကောင်မလေးကို အဲဒီအချိန်ကနေစပြီး ရှာမတွေ့တော့ပါဘူး။ ကောင်လေးလဲ မစားနိုင်မသောက်နိုင် အလုပ်တွေမလုပ်နိုင်ဖြစ်ကုန်တယ်။ ဖုန်းကို ၂၄ ဖွင့်ထားပြီး ကောင်မလေးဆီက ဖုန်းလာတာကို မျှော်တာ နှစ်ဝက်ရှိသွားပြီ…
တရက်မှာ ကောင်လေးဘူးတစ်ခုလက်ခံရရှိတယ်…
ဖွင့်ကြည့်လိုက်တော့ … ပုဇွန်ပုံတွေကို မျိုးစုံပါပဲ….. ဘေးနားမှာ စာတစ်စောင်ကိုတွေ့တယ်။
“ ငါနင့်ကို တွေ့ဖို့ မ၀ံ့ရဲဘူး။ ငါဘက်က ပျော့ညံ့လွန်းတယ်။ ငါနင့်ကို မတွေ့ချင်တာလဲဖြစ်နိုင်တယ်။ နင်ကတော့ ခါတိုင်းလိုပဲထင်တယ်။ နင်မရှိတဲ့နေ့ရက်တွေကို ငါဖြတ်သန်းနိုင်စွမ်းရှိသွားပြီ။ ငါရပ်တည်နိုင်ပြီ။ နေ့တိုင်း နင်ပြန်လာမဲ့အချိန်ကိုစောင့်ရင်း ဖြတ်သန်းနေရတဲ့နေ့ရက်တွေကနေ ငါလွတ်မြောက်လာခဲ့ပြီ။ ငါဖုန်းလဲမကိုင်တော့ဘူး။ နင့်အတွက်နဲ့ ငါဖုန်းမပိတ်ပဲ နင့်ဖုန်းကိုမျှော်နေရတဲ့ညပေါင်း…. ခုတော့ ငါကိုယ်ကို တန်ဖိုးထားတတ်သွားပြီ။ ငါနင့်ကို မေ့သွားနိုင်မှာပါ။ ဘာလို့လဲဆိုတော့ ငါ့ရဲ့နှလုံးသားကို ပြန်ဆက်လို့မရအောင် အစိတ်စိတ်အမြွှာမြွာခွဲချေခဲ့တယ်။ ငါ့အချစ်တွေ ပြာကျသွားပြီ။
ကွာရှင်းစာချုပ်လဲထည့်ပေးလိုက်တယ် လက်မှတ်ထိုးပြိး ဒီလိပ်စာအတိုင်းပြန်ပို့ပေးလိုက်ပါ။”
Sorry ငါပင်ပန်းသွားပြီ”


နိဂုံးချုပ်လိုက်တဲ့ sorry
ကောင်လေးမျှော်လင့်ရင်း........ ....
ကောင်မလေး အထီးကျန်ဖြတ်သန်းရင်း..............


သင်တို့လဲ သင်တို့ အမှန်တကယ်မြတ်နိုးသင့်တဲ့သူကို တွေ့ပြီထင်တယ်။ မြတ်နိုးကြပါ။
Sorry ဆိုတဲ့ စကားတိုင်း က “ဘာမှမဖြစ်ဘူး” ဆိုတဲ့ စကားကို လဲယူလို့ရတာမဟုတ်ဘူး။
ကိုယ်ချစ်တဲ့သူကို ၀မ်းမနည်းစေပါနဲ့။
ဒါနှစ်ဦးနှစ်ဘက်လုံးမကောင်းဘူး ……

သူငယ်ချင်းများအားလုံး ချစ်သူကို sorry အလွယ်တကူမပြောမိစေဖို့ ရည်ရွယ်ပါတယ်.....

Monday, June 8, 2009

နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ်

ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။

အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။

အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။ ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို
ထိန်းနိုင်သွားပြီဗျ..

အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။

သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။ အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့

တတ်တယ် သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့ မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကိုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။

ခွက်ပဲ့လေး တစ်လုံး

အဘွားအိုတစ်ဦးဟာ တုန်ချည့်ချည့်လက်အစုံနဲ့ အနားပဲ့ ပန်းကန်တစ်လုံးကို
ကောက်ယူလိုက်ပြီး သက်ပြင်းအခါခါ ချနေမိတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ချွေးမဖြစ်သူက ဒီအနားပဲ့ ပန်းကန်နဲ့ပဲ
အဘွားအိုကို ထမင်းထည့် ကျွေးခဲ့တာဖြစ်တယ်။ ကျွေးတဲ့ဟင်းက အချဉ်တည်ထားတဲ့
ဟင်းရွက်တစ်ချို့ဖြစ်ပြီး စားပွဲဝိုင်းမှာ ထမင်းအတူ မစားစေခဲ့ဘူး။
ထမင်းစားချိန်ရောက်တိုင်း အဘွားအိုဟာ ကိုယ့်အခန်းထဲမှာ အဟာရမရှိတဲ့
အစာတစ်ချို့နဲ့ အထီးကျန်မှုတွေကိုပဲ ဝါးမျိုနေခဲ့ရတယ်။

ချကျွေးတဲ့အစာကို စားပြီး အဘွားအိုဟာ မမြင်မစမ်းနဲ့ မီးဖိုချောင်ထဲ
သွားပြီး ကိုယ်စားတဲ့ ခွက်ပဲ့ကို ဆေးကျောရပြန်တယ်။ ဒါဟာ အဘွားအိုရဲ့
နေ့စဉ်အလုပ်ဖြစ်တယ်။ ချွေးမက ဘယ်တော့မှ အဲဒီခွက်ပဲ့ကို ဆေးကျော
မပေးခဲ့ဘူး။

"မေမေ.. ဘွားဘွားက မျက်စိလည်း မမြင်တော့ဘူး။ ဘာဖြစ်လို့ သူ့ပန်းကန်ကို
ဆေးမပေးရတာလဲ။ ပဲ့နေတဲ့ ပန်းကန်ကို ဘာဖြစ်လို့ အသစ်မလဲပေးတာလဲ?"

အမေကို မေးနေတဲ့ မြေးမလေးရဲ့ အသံကို အဘွားအို ကြားလိုက်မိတယ်။

"ကလေးက ကလေးနေရာမှာ နေစမ်း။ အသက် ၇ဝကျော် မျက်စိကန်းနေတဲ့ အဘွားကြီးကို
အိမ်ပေါ် တင်ကျွေးထားတာ မလုံလောက်သေးဘူးလား? သူစားတဲ့ခွက်ကို ငါက
ဆေးပေးရဦးမှာလား? အဲဒီခွက်သုံးလို့ ရသေးတာပဲ ဘာအသစ်လဲနေစရာ လိုလို့လဲ။
အသစ်လဲပေးလို့ မမြင်မစမ်းနဲ့ ကျကွဲသွားရင် ထပ်ဝယ်ပေးနေရဦးမယ်။ ပိုက်ဆံက
အလကား ရတာမဟုတ်ဘူး" အသံမြင့်ပြီး ပြောတဲ့ ချွေးမရဲ့စကားကို အဘွားအို
အလွတ်ရလုနီးနေပါပြီ။ မျက်စိထောင့်က စိမ့်ထွက်လာတဲ့ မျက်ရည်ကို အဘွားအို
ပွတ်သုတ်လိုက်တယ်။

အဘွားအပေါ် ဆက်ဆံတဲ့ အမေရဲ့အပြုအမှုကို သမီးဖြစ်သူက မကြည့်ချင်ပေမယ့်
ပြန်မပြောရဲခဲ့ဘူး။ အိမ်မှာရှိတဲ့ သူတွေအားလုံး အမေ့စကားကို နာခံကြရတယ်။
အဖေဖြစ်သူကလည်း ထိုနည်းလည်းကောင်းပါပဲ။ အမေ့မျက်နှာ အရိပ်အကဲနဲ့
ရှင်သန်နေရသူဖြစ်တယ်။

ပန်းကန်ဆေးပြီး အမြင်အစမ်းနဲ့ ကိုယ့်အခန်းထဲ အဘွားအို ပြန်ဝင်ခဲ့ပြီး
ကုတင်ပေါ် ထိုင်ချလိုက်တယ်။ မြေးမလေးက အဘွားနောက် လိုက်ဝင်လာပြီး "
ဘွားဘွား .. မေမေကို မမုန်းဘူးလားဟင်" လို့မေးလိုက်တယ်။

"မြေးလေးရယ်... အဘွားက နာတာရှည် ရောဂါသည် လူပိုတစ်ယောက်ပါ။ ထမင်းတစ်လုပ်
စားခွင့်ရတာပဲ ပြည့်စုံနေပါပြီ။ အမုန်းဆိုတာ မရှိသင့်ဘူး။ မြေးမေမေ
တတွတ်တွတ်ရွတ်တာကို ဒီနှစ်တွေအတွင်းမှာ အဘွားကျင့်သားရနေပါပြီ" မြေးကို
ပြောနေတဲ့ စကားသံတွေထဲမှာ အဘွားအိုရဲ့ ပြင်းသက်ချက်သံက မသိမသာ ရောနေတယ်။

"ဟဲ့ .. ဒီကောင်မ.. ဘယ်သွားနေတာလဲ? ကိုယ့်အခန်းထဲ ဝင်နေစမ်း" ချွေးမရဲ့
အော်ဟစ်သံကြောင့် မြေးမလေး အဘွားအိုအနားက ထွက်ပြေးသွားခဲ့တယ်။ ကုတင်ပေါ်
အဘွားအို လဲချလိုက်တယ်။ အသက်အရွယ်ကြောင့်လား မသိ အဘွားအိုအတွက်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ညတွေ နည်းလာခဲ့တယ်။ ကုတင်ပေါ်
လဲလျောင်းရင်း သွားလေသူ အဘိုးအိုကို သတိရလိုက်မိတယ်။

အဘိုးအိုက ကုမ္ပဏီတစ်ခုက ပိုင်ရှင်ဖြစ်တယ်။ သားက အဲဒီကုမ္ပဏီက
မန်နေဂျာဖြစ်ပြီး ချွေးမက စာရင်းကိုင်ဖြစ်တယ်။ ကုမ္ပဏီတစ်ခုထဲမှာ လုပ်တဲ့
သားနဲ့ ချွေးမတို့ ချစ်ကြိုက်ညားခဲ့ကြတယ်။ ချွေးမက လက်ထပ်ပြီးစမှာ
ယောက္ခမကို ရိုသေကိုင်းရိုင်းသလို မယားဝတ္တရားလည်း ကျေပွန်ခဲ့ပါတယ်။
ဒါပေမယ့် သားဖြစ်သူက မယားကိုချစ်လွန်းလို့ ဘာမဆို အလျော့ပေးချင်တယ်။
မယားပြောသမျှ ခေါင်းညိတ် နာခံသူဖြစ်ခဲ့တယ်။

မမြင်နိုင်တဲ့ ကံကြမ္မာရိုင်းကို ဘယ်သူရှောင်လွဲလို့ ရနိုင်မလဲ? အဘိုးအို
ဦးနှောက်သွေးကျောပြတ် သေဆုံးသွားပြီးနောက် ငြိမ်းချမ်းတဲ့ မိသားတစ်စုထဲ
ကြမ္မာဆိုးက ဝင်ရောက်ခဲ့တယ်။ အဘိုးအို ဆုံးပြီးမကြာဘူး အဘွားအိုရဲ့
မျက်လုံးကွယ်ခဲ့ရတယ်။ ပိုဆိုးတာက လိမ္မာတယ်ဆိုတဲ့ ချွေးမရဲ့
ဗီဇရုပ်ပေါ်လာတာပါပဲ။ မျက်မမြင် အဘွားအိုကို ပြုစုရတာ တာဝန်တစ်ခုလို့
ထင်မှတ်ပြီး အပြစ်ရှာလာခဲ့တယ်။ အဲဒီကစလို့ နဂိုကတည်းက အမှောင်ပျောက်နေသူ
အဘွားအိုဟာ မှောင်မဲမဲ ကိုယ့်အခန်းငယ်ထဲမှာပဲ အထီးကျန်စွာ
ရှင်သန်ခဲ့ရတယ်။

အဘွားအို အနားမှာ ရှည်လျှားတဲ့ နေ့ရက်တွေနဲ့ ခွက်ပဲ့လေးတစ်လုံးက လွဲရင်
နေရောင်ခြည်၊ ရယ်မောသံ ကင်းမဲ့နေခဲ့တာ ရက်ပေါင်း ၇ဝဝကျော် ရှိနေခဲ့ပါပြီ။

စစစစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစစစစစစစ

နေအိမ်မှာ ကျင်းပမယ့် ညစာစားပွဲအတွက် သားနဲ့ချွေးမ အလုပ်များနေခဲ့ကြတယ်။
ဧည့်သည်တွေ မလာခင်မှာ ချွေးမက သားကို " ခဏနေ ဧည့်သည်လာရင်
အပြင်မထွက်ခဲ့ပါနဲ့လို့ ရှင့်အမေကို မှာထားအုန်း.. ဒီနေ့လာမဲ့
ဧည့်သည်တွေက လူကြီးလူကောင်းတွေ.. မျက်ကန်းအဘွားကြီးကြောင့် ကျွန်မ
အရှက်မကွဲစေနဲ့၊ ရှင့်နာမည် မပျက်စေနဲ့နော်" လို့ မှာတယ်။ မယားစကား
နာခံသူသားမှာ ဘာမှစောဒက မတက်ရဲခဲ့ဘူး။ ဧည့်သည်တွေ မပြန်မချင်း အစာအိမ်
ဟောင်းလောင်းနဲ့ အခန်းထဲမှာပဲ အဘွားအို အောင်းနေခဲ့ရတယ်။
အားလုံးပြီးစီးမှ ထမင်းကျန်ဟင်းကျန် ထည့်ထားတဲ့ ခွက်ပဲ့နဲ့ အမေ့အခန်းထဲ
သားဝင်လာခဲ့တယ်။

ခုတစ်လော မြို့မှာကျောင်းတက်နေတဲ့ သားအကြီး ကျောင်းပိတ်လို့
အိမ်ပြန်ရောက်လာခဲ့တယ်။ သားကိုချစ်တဲ့ အမေတို့ရဲ့ ထုံးစံအတိုင်း သားအတွက်
အသား၊ ငါး ဟင်းမျိုးစုံကို ကိုယ်တိုင်ချက်ကျွေးတော့တယ်။

"ရပြီ.. မေမေရဲ့ သားဒီလောက် မစားနိုင်ဘူး" သားပန်းကန်ထဲ
ဟင်းတွေထည့်ပေးနေတဲ့ အမေကို သားက လေသံနဲ့ "မေမေ .. ဘွားဘွားကိုလည်း
သားတို့နဲ့ အတူတူစားခိုင်းပါလား? သားတို့ မိသားစု လက်စုံ စားကြရအောင်လေ"
လို့ တောင်းဆိုလိုက်တယ်။

"သူက ကန်းနေပြီ အပြင်ထွက်စားဖို့ အဆင်မပြေဘူး။ ဘယ်နားစားစား အတူတူပဲလေ
သား။ အခန်းထဲမှာစားတာ သူကျင့်သားရနေပါပြီ"

အဘွားအပေါ်ထားတဲ့ အမေရဲ့ သဘောထားကို ပြောင်းလဲဖို့ သူဆုံးဖြတ်လိုက်မိတယ်။

နနနနနနနနနနနနနနနနနနနနနနနနနနန နနနနနနနနနနနနနနနနနနနနနနနနနနန

သူငယ်ချင်းဆီက ရခဲ့တဲ့အကြံ အဘွားကို ပြောပြတော့ အဘွားက ပျာပျာသလဲ ငြင်းတယ်။

"သားတို့က ဘွားဘွားကောင်းဖို့အတွက်ပါ သားတို့ပြောသလိုသာ လုပ်ပါ ဘွားဘွား"
လို့ မြေးအကြီးက တောင်းဆိုတယ်။

"ဆရာမက ပြောတယ် "လူကြီးမိဘတွေကို ရိုသေလေးစားရမယ်" တဲ့။ မေမေ လုပ်ပုံက
မဟုတ်သေးဘူး။ ဘွားဘွားကို သူဒီလို မဆက်ဆံသင့်ဘူး။ သမီးတို့ ပြောသလို
လုပ်ပါနော် ဘွားဘွား" မြေးမလေးက ဝင်ထောက်ပြန်တယ်။

"ကိုယ့်ကို မရိုသေတဲ့ ချွေးမတစ်ယောက်ကို ဘွားဘွားလက်ခံနိုင်ပေမယ့်
ယောက္ခမကို မရိုသေတဲ့ မိခင်တစ်ယောက်ကို သားတို့ မလိုလားဘူး။ သားတို့
ပြောသလို လုပ်ပါနော် ဘွားဘွား" အတင်းတောင်းဆိုနေတဲ့ မြေးကို အဘွားအို
ခေါင်းညိတ်မိလိုက်တယ်။

ညစာ ထမင်းစားဝိုင်းမှာ ထုံးစံအတိုင်း အဘွားအို မပါဝင်ခဲ့ဘူး။ မြေးကြီးက
တိုင်ပင်ထားတဲ့အတိုင်း ကြွေဇွန်းတစ်ချောင်းကို ကြမ်းပြင်ပေါ် မသိမသာ
ပစ်ချလိုက်တယ်။ ဇွန်းကွဲစတွေက ကြမ်းပြင်ပေါ်မှာ ပြန့်လို့...
ဇွန်းကျသံကြောင့် အဘွားအိုဟာ တုန်တုန်ရီရီနဲ့ ခွက်ပဲ့လေးကို ကိုင်ပြီး
အခန်းထဲကနေ ထွက်လာခဲ့တယ်။ ဒါကို ချွေးမက မြင်တော့ အဘွားအိုကို
အော်ဟစ်လိုက်တယ်။

"ဘာဖြစ်လို့ ထွက်လာရတာလဲ? အခုချက်ချင်း ပြန်ဝင်စမ်း"

ချွေးမရဲ့ အော်သံကိုကြားတော့ အဘွားအိုဟာ လက်ထဲက ခွက်ပဲ့ကို
လွတ်ချလိုက်တယ်။ ကြမ်းပြင်ပေါ် ကျသွားတဲ့ ခွက်ကွဲသံထက် ချွေးမရဲ့ အသံက
ပိုကျယ်လောင် နေပါတယ်။

"ကြည့်စမ်း .. ဒီအဘွားကြီး ကိုယ့်ခွက်ကိုတောင် ပစ်ချရဲတယ်။ အေး.. ဒီည
ထမင်းစားရဖို့ မစဉ်းစားနဲ့တော့"

အဲဒီအချိန်မှာ မြေးကြီးက "အဘွားကလဲကွာ.. ပန်းကန်ကို
လုပ်ခွဲလိုက်ရတယ်လို့။ ဒါထမင်း ထည့်စားတဲ့ ပန်းကန်လေ အဘွားရဲ့"
ပြောရင်းဆိုရင်း ကြမ်းပြင်ပေါ် ကျနေတဲ့ ပန်းကန်စကို ကောက်ယူပြီး အမေဖက်ကို
အသံမြင့် လှည့်ပြောလိုက်တယ်။

"မေမေ စိတ်တိုတယ် ဆိုရင်လည်း တိုသင့်တယ် ဘွားဘွား။ ဒီပန်းကန်က
အရမ်းအရေးပါတာ။ ဒီပန်းကန်ကို အဘွားလုပ်ကွဲလိုက်ရင် နောင်နောက်
မေမေအိုလာတဲ့အခါ မေမေ့ကို သားတို့ ဘာပန်းကန်နဲ့ ထည့်ကျွေးရမလဲ?"

သားရဲ့စကားကို ကြားပြီး အမေမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာ
ငုံ့ထားမိတယ်။ အဲဒီနောက် ထမင်းစားပွဲဝိုင်းကနေ မသိမသာ ထသွားခဲ့တယ်။
အဲဒီနောက်ပိုင်းမှာတော့ ချွေးမရဲ့ အပြစ်တင်သံကို အဘွားအို
မကြားခဲ့ရတော့ဘူး။ အဘွားအိုအပေါ်ထားတဲ့ ချွေးမရဲ့ အပြုအမှုတွေလည်း
ပြောင်းလဲလာခဲ့တယ်။ မိသားတစ်စုရဲ့ မနက်ဖြန်တိုင်းဟာ နေရောင်ခြည်တွေနဲ့
နွေးထွေးလာခဲ့ပါတယ်။

ရည်းစား နဲ့ ချစ်သူ ကွာဟချက်...

ရည်းစား .....♥♥♥

ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့
သူ...........လို့
်ဘာသာပြန်ချင်တယ်......
ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး.......
တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး......
ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး........
သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး........
ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားယုံ........
ပန်းခြံတွေလျှောက်လည်ယုံလောက်နဲ့တင်အဆုံးသတ်သွားပါပြီ............
ပြောရရင်သူနဲ့ကိုယ်အတွယ်အတာဘာမှမရှိပါဘူး........
ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ........
တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်......
အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို
ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော်...........
ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို
တည်ဆောက်လို့မရတာတော့သေချာတယ်.......
ရည်းစားမှာအဆုံးသတ်မရှိဘူး......ကြိုက်သလောက်ထားကြတယ်.......♥♥

ချစ်သူ.........♥♥♥

လူတစ်ယောက်ကဘယ်လောက်ပဲရည်းစားထားခဲ့ပါစေ......
နောက်ဆုံးတော့သူတစ်ကယ်ချစ်တာချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်........
ချစ်သူကိုတော့တစ်ဘဝလုံးအတွက်ပုံအပ်ပြီးလက်တွဲရမယ့်သူလို့
ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ဘာသာပြန်ပါရစေ........
ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊မြတ်နိုးတွယ်တာမူတွေနဲ့
တည်ဆောက်ထားတယ်........သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ.....
အနာဂတ်ရှိလာပြီ........သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ.......
ဘယ်လိုနေမှာလဲ.......အများကြီးပေါ့...........
သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်.......
ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............
ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........
တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........
ဘာဆိုဘာမှမရှိဘူး.......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိုင်တယ်......
သူကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့.........
သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ
သတိရမူတွေအားလုံးပါဝင်နေတယ်..........
ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့
သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိုင်ရမယ်..........
သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ခွင့်လွှတ်နိုင်ရမယ်......
ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ.........
သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင်ရင်တွေခုန်နေတာပေါ့.......
သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့
အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင်
တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့
ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကိုတည်ဆောက်ကြတာပေါ့.......♥♥

ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက်

သူနဲ့သူမ ကုမ္ပဏီရဲ့ ညစာစားပွဲတစ်ခုမှာ ဆုံကြတယ်။ ပညာတတ်၊
ရုပ်ချောနုပျိုတဲ့ သူမက ကုမ္ပဏီမှာ သတင်းမွှေးတယ်။ သူက
သာမန်လူတစ်ယောက်ဖြစ်တယ်။ ပိုးပန်းသူတွေ မနည်းလှတဲ့ သူမကို သူလည်း
စိတ်ဝင်စားနေတာ ကြာပါပြီ။ ညစာစားပွဲ အပြီးမှာ သူမကို ကော်ဖီတိုက်ဖို့
သူဖိတ်ခေါ်ခဲ့တယ်။ ရုတ်တရက် ဖိတ်ခေါ်မှုကို သူမ အံ့သြသွားပေမဲ့ ယဉ်ကျေးမှုကို
မလွန်ဆန်ချင်တဲ့ သူမ ခေါင်းညိတ်လက်ခံခဲ့တယ်။


ကော်ဖီဝိုင်းမှာ သူတို့ ပြောစရာစကား မရှိဖြစ်နေတယ်။ နှစ်ယောက်လုံး
ရှိုးတိုးရှန့်တန့်ဖြစ်နေတယ်။ မြန်မြန် လက်စသတ်ပြီး ထပြန်ဖို့
သူမစိတ်လောနေမိတယ်။ စားပွဲထိုး ကော်ဖီလာချတော့ သူက ရုတ်တရက်
"ကျေးဇူးပြုပြီး ဆားပေးပါ။ ကျွန်တော်က ကော်ဖီသောက်ရင် ဆားထည့်သောက်တဲ့
အကျင့်ရှိလို့" လို့ ပြောတော့ သူမ အံ့သြရုံတင်မက စားပွဲထိုးပါ
ကြောင်သွားတယ်။ သူ့စကားကြားတဲ့ လူတွေရဲ့ မျက်လုံးက သူအပေါ် လာစုနေကြတယ်။
သူ့မျက်နှာ နီမြန်းသွားတော့တယ်။

စားပွဲထိုးပေးလာတဲ့ ဆားကို ကော်ဖီထဲထည့်ဖျော်ပြီး သူဖြေးဖြေးချင်း
သောက်နေတယ်။ "ဘာဖြစ်လို့ ဆားထည့်သောက်တာလဲ" သိချင်စိတ်ကို
မအောင့်နိုင်တဲ့အဆုံး သူမမေးလိုက်မိတယ်။ သူခဏလောက် မှင်သက်သွားတယ်။
ပြီးမှ တစ်လုံးချင်း "ကျွန်တော်တို့က ပင်လယ်ဘေးမှာ နေတယ်။
ကျွန်တော်ငယ်ငယ်တုန်က ပင်လယ်ထဲ အမြဲ ရေဆင်းကူးတယ်။ လှိုင်းပုတ်ရင်
ခါးသက်သက် ပင်လယ်ရေငန်တွေက ပါးစပ်ထဲဝင်လာရော့။ အခု အိမ်မပြန်ဖြစ်တာ
ကြာပြီဆိုတော့ အိမ်ကိုလွမ်းတိုင်း ကော်ဖီထဲ ဆားထည့်သောက်မိတယ်။
အိမ်ရဲ့အကွာအဝေးကို ကျွန်တော်နဲ့ နီးအောင် ဆွဲလိုက်သလိုပေါ့"

သူ့စကားက သူမကို ခံစားမိစေခဲ့တယ်။ ဒါဟာ ယောကျာ်းလေးတစ်ယောက်
အိမ်ကိုလွမ်းတယ်လို့ ပြောတာကို သူမ ပထမဆုံး ကြားဖူးခြင်းပါပဲ။
အိမ်ကိုလွမ်းတဲ့ ယောက်ျားလေးက အိမ်ကို ဂရုစိုက်တတ်တဲ့လူ၊ မိသားစုကို
ချစ်မြတ်နိုးတတ်တဲ့လူလို့ သူမထင်ခဲ့မိတယ်။ သူပြောတဲ့
မိုင်ပေါင်းများစွာဝေးတဲ့ နေရာလေးတစ်ခုအကြောင်းကို သူမနားထောင်ချင်စိတ်
ဖြစ်လာခဲ့တယ်။ အေးစက်စက် သူတို့ရဲ့ စကားဝိုင်းက
တဖြေးဖြေးနွေးထွေးလာခဲ့တယ်။ သူတို့စကားတွေ အကြာကြီးပြောဖြစ်ခဲ့သလို
သူမရဲ့ အပြန်ကို သူလိုက်ပို့ခွင့်ရခဲ့တယ်။

အဲဒီနောက်ပိုင်း သူတို့မကြာခဏ ချိန်းတွေ့ဖြစ်ခဲ့တယ်။ သူဟာ သဘောထားကြီးသူ၊
ဂရုစိုက်တတ်သူ၊ ကြင်နာတတ်သူ ဖြစ်ကြောင်း သူမသတိထားမိတယ်။ သူဟာ
သူမလိုချင်တဲ့ အချက်အားလုံးနဲ့ ကိုက်ညီနေတယ်။ သူ့ဖိတ်ခေါ်မှုကို
မလွန်ဆန်ခဲ့မိလို့ အခုလို သူနဲ့သိခွင့်ရခဲ့တဲ့အတွက်လည်း
သူမ၀မ်းသာနေမိတယ်။ သူ့ကိုခေါ်ပြီး မြို့အနှံ့ ကော်ဖီဆိုင်မှာ သူတို့
ထိုင်ခဲ့ကြတယ်။ ဆိုင်မှာထိုင်တိုင်း "ဆားပေးပါနော်။ ကျွန်မ မိတ်ဆွေက
ကော်ဖီထဲ ဆားထည့်သောက်တတ်တဲ့ အကျင့်ရှိလို့ပါ" လို့ သူမတောင်းဆိုတတ်တယ်။
အဲဒီလိုနဲ့ ရာဇ၀င်ပုံပြင်ထဲကလို နောက်ဆုံးမှာ မင်းသားနဲ့မင်းသမီး
ညားကြလေသတည်း ဆိုတဲ့အတိုင်း သူတို့ မင်္ဂလာဆောင်ပြီး ပျော်ရွှင်တဲ့
ဘ၀ခရီးကို လျှောက်လှမ်းခဲ့ကြတယ်။ လျှောက်ခဲ့တဲ့ခရီး အနှစ်(၄၀)အကြာမှာ
သူနာမကျန်းဖြစ်ပြီး ကွယ်လွန်သွားခဲ့တယ်။ ပုံပြင်က ဒီမျှပါပဲလို့
အဆုံးသတ်မယ်ဆဲဆဲ သူထားခဲ့တဲ့ စာတစ်စောင်ကို သူမတွေ့လိုက်တယ်။

သူ မဆုံးခင် သူမအတွက် ရေးထားတဲ့ စာတစ်စောင်ပါ။ စာက ဒီလိုရေးထားပါတယ်။

"နင့်ကိုတောက်လျှောက် လိမ်လာခဲ့တဲ့ ငါ့ကို ခွင့်လွတ်ပေးပါ။ ပထမဆုံးအကြိမ်
ငါတို့ ကော်ဖီအတူတူ သောက်ခဲ့ကြတာကို နင်မှတ်မိသေးလား။ အဲဒီတုန်းက
ငါဘာပြောလို့ ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့တယ်။ ဘာအတွေးတွေ ရပြီး
စားပွဲထိုးကို ဆားယူခိုင်းမိလိုက်သလဲ မသိဘူး။ ကော်ဖီထဲ ဆားထည့်သောက်တဲ့
အကျင့် မရှိပေမဲ့ နင့်ကိုငါ လိမ်ညာခဲ့တယ်။ အဲဒီလိမ်ညာခြင်းကို
နင်စိတ်ဝင်စားခဲ့လို့ ဆားထည့်ထားတဲ့ ကော်ဖီကို ဘ၀ထက်ဝက်ဆာလောက်
ငါသောက်ခဲ့ရတယ်။ အဖြစ်မှန်ကို ပြောပြဖို့ ငါအကြိမ်ကြိမ်
ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ နင်စိတ်ဆိုးမှာ၊ နင်ငါ့ကို ခွဲသွားမှာ
ငါအရမ်းကြောက်ခဲ့မိတယ်။

အခု ငါသွားရတော့မယ်။ နင်စိတ်ဆိုးမှာကို ငါမကြောက်တော့ဘူး။ သေသွားတဲ့လူကို
အလွယ်တကူ ခွင့်လွတ်ပေးနိုင်မယ် မဟုတ်လား.. ဒီဘ၀မှာ နင်နဲ့
ပေါင်းဖက်ခွင့်ရတာ ငါအတွက် အကြီးမားဆုံးသော ပျော်ရွှင်ခြင်းပဲ။
နောင်ဘ၀သာရှိမယ်ဆိုရင် နင်နဲ့ငါ ထပ်ဆုံချင်သေးတယ်။ ဒါပေမဲ့ ဆားခတ်ထားတဲ့
ကော်ဖီကိုတော့ ငါမသောက်ချင်တော့ဘူး။ ဆားခတ်ထားတဲ့ ကော်ဖီက သောက်ရ
တော်တော်ခက်တယ်ဆိုတာ နင်မသိဘူး မဟုတ်လား... ဒါပေမဲ့ နင့်ကို
ချစ်တဲ့စိတ်နဲ့ ကော်ဖီထဲ ငါဆားထည့်သောက်ခဲ့မိတယ်"

စာကိုဖတ်ပြီး သူမ တုန်လှုပ်သွားခဲ့မိတယ်။ အလိမ်ညာ ခံလိုက်ရပါလားလို့လဲ
ခံစားမိတယ်။ သူ မကြားနိုင်တော့တဲ့ စကားတစ်ခွန်းကို သူမ တိုးတိုးလေး
ရေရွတ်လိုက်မိတယ်။ " ကျွန်မကို ချစ်တဲ့စိတ်နဲ့ သူ့ကိုယ်သူ
ဒီလိုလိမ်ညာခဲ့တယ်။ ကျွန်မ ကျေနပ်ပါတယ်"

ပြီးပါပြီ

ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက်ထဲမှာ အချစ်ဘယ်နှစ်စ ပါနေသလဲ... ? အချစ်ဆိုတာ
တိုင်းတာချိန်တွယ်လို့ ရတဲ့အရာ မဟုတ်ပါဘူး။ လိမ်ညာခြင်းဆိုတာ
ခွင့်မလွတ်နိုင်တဲ့ အပြစ်တစ်ခုတဲ့။ တစ်ချို့လိမ်ညာခြင်းက ဘ၀တစ်ခုကို
ပျက်သုန်းစေခဲ့တယ်။ တစ်ချို့လိမ်ညာခြင်းက ဘ၀တစ်ခုကို အပျော်တွေနဲ့
ပြီးဆုံးစေခဲ့တယ်။ သင်ကော ဘာတွေလိမ်ညာခဲ့သလဲ.. ဘာတွေ
အလိမ်ညာခံခဲ့ရဖူးသလဲ..

Secret of 1 - 10 letters

Dear... do u know


The most selfish 1 letter
"I"
Avoid It.

Most Satisfactory 2 letters
"WE"
Use It.

Most Poisonous 3 letters
"EGO"
Kill It.

Most used 4 letters
"LOVE"
Value It.

Most Pleasing 5 letters
"SMILE"
Keep It.

Fastest Spreading 6 letters
"RUMOUR"
Ignore It.

Hard Working 7 letters
"SUCCESS"
Achieve It.

Most Enviable 8 letters
"JEALOUSY"
Distance It.

Most Essential 9 letters
"PRINCIPLE"
Have It.

Most Divine 10 Letters
"FRIENDSHIP"
Maintain It.

တကယ်သာဘ၀ကိုအစကပြန်စခွင့်ရကြမယ်ဆိုရင်....

တစ်နေ့မှာ ကျနော်ထူးထူးဆန်းဆန်းအတွေးတစ်ခုဝင်လာတယ်။ ဒါနဲ့
ကျနော့်ဘေးမှာအမြဲရှိနေတတ်တဲ့သူငယ်ချင်းလေးကို မေးကြည့်မိတယ်။
မင်းသာ မင်းရဲ့ ဘ၀ ကိုအစကအားလုံးပြန်စခွင့်ရမယ်ဆိုရင် မင်းဘာလုပ်မလဲ ?????
သူကမဖြေပါဘူး ချက်ချင်းဘဲ ကျနော့်ကိုပြန်မေးတယ်ဗျ။
မင်းသာ ဆိုရင်ကောတဲ့။
ကျနော် အတန်ကြာဆွံ့အသွားတယ်။
မေးခွန်းပိုင်ရှင်ဖြစ်တဲ့ ကျနော်ကိုယ်တိုင်ဘဲ ဒီအဖြေကို
ချက်ချင်းမဖြေဆိုနိုင်ခဲ့ပါဘူး။
ဒါပေမယ့် ကျနော့်ရဲ့ သန်းခေါင်ယံ အချိန်တွေမှာတော့ ဒီမေးခွန်းအတွက်
အဖြေတွေအများကြီးဘဲ ပြန်ပေးနိုင်ခဲ့ပါတယ်။
အင်း... ကျနော်သာ ဘ၀ ကိုးအားလုံး တစ်ကပြန်စခွင့်ရမယ်ဆိုရင်..........
ပထမဆုံး... ကျနော် အားလုံးကိုအကောင်းမြင်ပေးမယ်။
(2) တွေဝေငေးမောပြီး ကုန်မှန်းမသိကုန်သွားတဲ့အချိန်တွေ
ကိုပိုင်ပိုင်နိုင်နိုင်ကြီးပြန်လည်ရယူမယ်။
(3) ဘ၀ ဟာတကယ်ကိုနေပျော်ပါတယ်လို့ ကျနော်ကိုယ်တိုင် ပြောနိုင်စေရမယ်။
(4) ဘာဘဲလုပ်လုပ် သတိ ကိုရှေ့ကထားပြီးလုပ်တော့မယ်။
(5) ကျနော့်အတွက်နဲ့ ဘယ်သူ့ ကိုမှ မထိခိုက်မနစ်နာစေရတော့ဘူး။
(6) ရောင့်ရဲလွယ်တဲ့ လူတစ်ယောက်အဖြစ် ရှင်သန်သွားမယ်။
(7) ဆန့်ကျင်ကလန့်တိုက်နေမယ့်အစား နာယူလက်ခံလွယ်အောင်ကြိုးစားနေထိုင်သွားမယ်။
(8) ဖြုန်းတီးလေလွင့်စေတဲ့ လူတန်းစားအဖြစ်ကရှောင်ခွာမယ်။
(9) သူတော်ကောင်းတွေမှ တစ်ပါး အခြားသူတွေရဲ့ ကဲ့ရဲ့ခြင်းကို မတုန်လှုပ်တော့ဘူး။
(10) မကျေနပ်ချက်တွေနဲ့လောင်ကျွမ်းခဲ့ရတဲ့အချိန်တွေကို
တွေးတောကြံစည်ခြင်းနဲ့ ကုန်ဆုံးစေမယ်။
(11) မကောင်းတာတွေလုပ်ပြီး ဒါမှယောက်ျားကွ လို့မကြွေးကြော်တော့ဘူး။
(12) ကိုယ့် type တစ်ခုကိုပြောင်းမရလို့ စိတ်အပင်ပန်းခံမှာ မဟုတ်တော့ဘူး။
(13) ပေါ့တန်တဲ့လူတစ်ယောက်အဖြစ်သတ်မှတ်လာရင် အသာတကြည်လက်မခံတော့ဘူး။
(14) ဘာသာရေး ဆိုတာထက် (အမှန်တရားကိုရှာဖွေခြင်း) မှာ စိတ်ရောကိုယ်ပါ
လုံးဝမြှုပ်နှံ ထားမယ်။
(15) များများပြောဆိုမယ့်အစား များများ နာယူမှတ်သားချင့်ချိန်မယ်။
(16) သူငယ်ချင်းတွေဆီက free ရတဲ့ ဆေးလိပ် ဘီယာ အရက်တွေ ကို အသာတကြည်လက်မခံတော့ဘူး
ကျနော် ၀မ်းသာအားရ အဖြေတွေတန်းဆီပြီး ပြောပြလိုက်တယ်။ ဒီတော့..
ကျနော့်သူငယ်ချင်းကပြောတယ် "မင်းအဖြေတွေကများလှချည်လား ဒါတွေအားလုံးက
မင်းဘ၀ကိုအစကပြန်စရမှလား အခုဆိုရင်ကောတဲ့"
ကျနော် ဒုတိယ အကြိမ် ဆွံ့အသွားရပြန်ပါတယ်။
ုခုတော့ ကျနော်က ဒီစာလေးဖတ်မိကြတဲ့ သူငယ်ချင်းအားလုံးကိုပြန်မေးမယ်။
သူငယ်ချင်းတို့ကောဘယ်လိုလဲ အဖြေတွေကိုယ်စီရှိကြရဲ့လား???????????
အခုဆိုရင်ကော???
သူငယ်ချင်းတို့သာအဖြေတွေကို comment အနေနဲ့ပေးသွားရင် အရမ်းကျေးဇူးတင်မှာဘဲ။ အိုကေ
အားလုံးဘဲ အခုကစနိုင်ကြပါစေ။

ပျော်ရွှင်ခြင်း

တစ်ခါက လူတွေကို အရမ်းကူညီတတ်တဲ့ လူတစ်ယောက်ဟာ သေဆုံးပြီးနောက် ကောင်းကင်ဘုံရောက်ပြီး နတ်သားဖြစ်သွားခဲ့တယ်။ နတ်သားဖြစ်သွားသည့်တိုင် သူဟာ လူ့ပြည်ကိုဆင်းပြီး လူတွေကို အကူအညီတွေ ပေးခဲ့ပြန်တယ်။ လူတွေဆီကနေ ပျော်ရွှင်ခြင်းရနံ့တွေ ရှုရှိုက်နိုင်ဖို့ သူမျှော်လင့်ကြိုးစားခဲ့တယ်။

တစ်နေ့မှာ နတ်သားဟာ အခက်အခဲကြုံနေပုံရတဲ့ လယ်သမားတစ်ဦးနဲ့ ဆုံခဲ့တယ်။ လယ်သမားက နတ်သားကိုတွေ့တာနဲ့ "ကျွန်တော့်အိမ်ကကျွဲ သေသွားလို့ လယ်တွေကို ကျွန်တော် ဆက်မထွန်နိုင်ဖြစ်နေပါတယ်" လို့ ရင်ဖွင့်တယ်။

လယ်သမားစကားကို ကြားတော့ နတ်သားက သန်မာတဲ့ ကျွဲတစ်ကောင် ဖန်ဆင်းပေးလိုက်တယ်။ လယ်သမားဆီကနေ ပျော်ရွှင်ရနံ့ကို နတ်သားရှုရှိုက်လိုက်မိတယ်။

နောက်တစ်နေ့မှာ နတ်သားက စိတ်ပျက်လက်ပျက် ထိုင်ငေးနေတဲ့ လူတစ်ယောက်နဲ့ ဆုံပြန်တယ်။ နတ်သားကိုတွေ့တော့ အဲဒီလူက "ကျွန်တော်ငွေတွေ လူလိမ်လို့ ကုန်ပြီဗျာ၊ ရွာပြန်ဖို့ လမ်းစရိတ်မရှိလို့ပါ" လို့ ပြောတော့ နတ်သားက သူ့အတွက် လမ်းစရိတ် ထုတ်ပေးလိုက်တယ်။ အဲဒီလူဆီက ပျော်ရွှင်ရနံ့က နတ်သားဆီကို လွင့်လာခဲ့တယ်။

တစ်နေ့မှာ နတ်သားဟာ ကဗျာဆရာတစ်ဦးကို တွေ့ပြန်တယ်။ ကဗျာဆရာက ငယ်ရွယ်နုပျို ချောမောပြီး၊ ငွေကြေးလည်း ပြည့်စုံသလို၊ လှပတဲ့ဇနီးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အဲဒီကဗျာဆရာ မပျော်ခဲ့ဘူး။

ကဗျာဆရာကို နတ်သားက "ဘာကြောင့်မပျော်သလဲ? ဘာများကူညီရမလဲ?" လို့မေးတော့ ကဗျာဆရာက "ကျွန်တော့်မှာ ဘာမဆိုရှိတယ်။ ဒါပေမယ့် တစ်ခုပဲ လိုအပ်နေတယ်။ ကျွန်တော့်ကို ပေးနိုင်မလား?" လို့ နတ်သားကို ပြန်မေးတယ်။

"ပေးနိုင်ပါတယ်။ အလိုရှိတာ တောင်းဆိုပါ" လို့ နတ်သားဆိုတော့

"ပျော်ရွှင်ခြင်းကို ကျွန်တော်လိုအပ်နေတယ်" လို့ ကဗျာဆရာက ပြောပါတယ်။

ကဗျာဆရာ စကားကြောင့် နတ်သားအခက်တွေ့သွားခဲ့တယ်။ တအောင့်ကြာမှ "ကောင်းပြီ" ဆိုပြီး ကဗျာဆရာပိုင်ဆိုင်သမျှ အားလုံးကို ယူဆောင်သွားခဲ့တယ်။

ကဗျာဆရာရဲ့ အောင်မြင်မှုကို ယူသွားတယ်၊ ဥစ္စာပစ္စည်းတွေကို ယူသွားတယ်၊ သူ့ရဲ့ရုပ်ရည်ကို ယူသွားတယ်၊ ဇနီးချောရဲ့ အသက်ကိုယူပြီး နတ်သားထွက်သွားခဲ့တယ်။ တစ်လကြာပြီးနောက် ကဗျာဆရာဆီ နတ်သားပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကဗျာဆရာက ကြမ်းပြင်ပေါ်မှာ လဲလျောင်းပြီး ဆာလောင်လို့ သေလုမျောပါး ဖြစ်နေခဲ့တယ်။ နတ်သားက ကဗျာဆရာကို အရာအားလုံးပြန်ပေးပြီး ထွက်သွားခဲ့တယ်။

လဝက်လောက်နေပြီ ကဗျာဆရာကို နတ်သားသွားကြည့်ပြန်တယ်။ ဒီအချိန်မှာ ကဗျာဆရာက ဇနီးသည်ကို ပွေ့ဖက်ပြီး နတ်သားကို ကျေးဇူးတင်နေခဲ့တယ်။ ပျော်ရွှင်ခြင်းတွေကို သူရခဲ့လို့ပါပဲ....

အထီးကျန်ဆန်ခဲ့ဖူးသလား?
ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား?
အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့ နာမဝိသေသနတွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့အရသာကို ဘယ်လာခံစားတတ်မလဲ? လူတွေကလည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊ လက်လွတ်သွားမှ တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။ တကယ်တော့ ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။

ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတစ်ထုပ် ရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အရမ်းမောပန်းနွမ်းနယ်တဲ့အချိန် ကျောခင်းစရာ နေရာလေးတစ်ခုရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက် ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ

မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ ပျော်ရွှင်ခြင်းပါပဲ။

ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။ သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။ ဘယ်လောက်အထိ ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို ကိုယ့်ရဲ့ရောင့်ရဲတဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။

သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား? ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား?

ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက်တဲ့အခါ ကိုယ့်ရင်ခွင်တံခါးကို ကျယ်ကျယ်ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ အလုံးအရင်းနဲ့ ဝင်ရောက်နိုင်ပါစေ....

အဖိုးတန်ဆုံးအချိန်

"လူတစ်ယောက်က အခြားလူတစ်ယောက်ကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်က ဘာလဲ"
ဒီမေးခွန်းကို သဘောကျလို့ သိတဲ့ လူအချို့ကိုလည်း မေးခဲ့ဖူးတယ်။
အဖြေတွေအများကြီးထဲက တစ်ချို့အဖြေဟာ စိတ်ဝင်စားစရာ ကောင်းနေတယ်။ ဥပမာ
"သစ္စာ၊ ချီးကျူးစကား၊ ဂတိ၊ အကြင်နာ၊ ဗဟုသုတ၊ လေးစားမှု၊ ခွင့်လွတ်မှု၊
အချစ်၊ ဂရုစိုက်မှု.... " စတာတွေဖြစ်တယ်။ အဖြေတွေထဲက မေးခွန်းထုတ်ခဲ့တဲ့
ကောင်မလေး ဖြေခဲ့တဲ့ "အချိန်" ဆိုတဲ့အဖြေကို အခုထက်ထိ အမှတ်ရနေမိတယ်။
ချစ်သူနဲ့ကွဲစ သူငယ်ချင်းတစ်ယောက်ကို စိတ်ပြေအောင် ကျွန်မတို့
သူငယ်ချင်းတစ်သိုက် အပြင်ခေါ်ထုတ်ပြီး လည်ပတ်စားသောက်ကြတယ်။
တစ်ပတ်နေပြီးနောက် သူငယ်ချင်းတွေထဲက တစ်ယောက်က သူ့ကို "နင်စိတ်ပြေအောင်
လည်ပတ်စားသောက်ခဲ့တဲ့ billတွေအားလုံး အဲဒီလူကို ပို့ပေးလိုက်၊ ပိုက်ဆံကို
သူရှင်းပါစေ"လို့ စနောက်လိုက်တယ်။
"ဘာဖြစ်လို့လဲ"
"လမ်းခွဲခလေ"
"ဟင်း....သူလျော်နိုင်မှာ မဟုတ်ပါဘူး.. ဘာဖြစ်လို့လဲဆိုတော့ ငါ့ရဲ့
အကောင်းဆုံးအချိန်၊ တန်ဖိုးအရှိဆုံး အချိန်တွေကိုတောင် သူ့ကိုပေးခဲ့တာပဲ။
သူလျော်နိုင်မှာ မဟုတ်ပါဘူး" လို့ သူက ပြန်ဖြေရှာတယ်။
(၂)
နေ့တိုင်း အချိန်တွေကို အလုပ်မှာပဲ မြုပ်နှံထားပြီး အိမ်ထောင်ပြုဖို့
အရွယ်လွန်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို သူ့အိမ်က စိတ်ပူစပြုလာတယ်။
သူ့အတွက် သင့်တော်မယ့် မိန်းကလေးကို လိုက်ရှာ၊ လိုက်စပ်ပေးနဲ့
အလုပ်ရှုပ်နေကြတယ်။ "ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်လဲ၊ ကိုယ်ကြိုက်တာ
တစ်ခုခုကို ပြောမှ လူတွေက နင့်အတွက် ရှာပေးရ အဆင်ပြေမှာပေါ့" လို့ သူ့ကို
ကျွန်မမေးတော့...
"သူ့အတွက် ငါ့အချိန်တွေကိုပေးနိုင်မယ့် မိန်းကလေးကိုပဲ ငါလိုချင်တယ်"
လို့ သူက ပြန်ဖြေခဲ့တယ်။
(၃)
အချစ်ကြောင့် စိတ်ရောကိုယ်ပါ အကြီးအကျယ် ထိခိုက်ခဲ့တဲ့
ကောင်မလေးတစ်ယောက်က နှစ်တွေကြာခဲ့ပေမယ့် မပျော်ရွှင်တဲ့
စိတ်ပြတင်းပေါက်ကို မဖွင့်နိုင်ခဲ့ဘူး။ အချစ်သစ် မရှာနိုင်ခဲ့ဘူး။ လူတွေက
သူ့ကိုထားသွားခဲ့သူကို မမေ့နိုင်လို့၊ စောင့်နေသေးတယ်လို့ ထင်နေကြတယ်။
ဒါပေမယ့် အဲဒီလူ သူ့ကိုပြန်ဆက်ဖို့ ထပ်ကြိုးစားချိန်မှာ
သူငြင်းပယ်ခဲ့တယ်။
"သူ့ကို ကျွန်မ မေ့မရလို့ မဟုတ်ပါဘူး။ ကျွန်မနှမြောတာက ဟိုးအရင်သူနဲ့အတူ
ရှိခဲ့ဖူးတဲ့ အချိန်တွေကိုပါ။ ဒါပေမယ့် အဲဒီလိုအချိန်မျိုး
ကျွန်မတို့အတွက် ထပ်ရှိလာနိုင်တော့မှာ မဟုတ်ပါဘူး"
(၄)
"အဆုံးမဲ့ အချိန်နယ်ပယ်တွင်းမှာ စောတယ်၊ နောက်ကျတယ်ဆိုတာ မရှိဘူး။
အချိန်မီ ရောက်လာတာပဲရှိတယ်"
စောစောမုန်းတဲ့ အမုန်းပဲဖြစ်ဖြစ်၊ နောက်ကျမှ မုန်းတဲ့ အမုန်းပဲဖြစ်ဖြစ်
အမုန်းဆိုတာ စိတ်ညစ်၊ ၀မ်းနည်းစရာတွေဖြစ်တယ်။ ဒါကြောင့် အမုန်းကို ဥပေက္ခာ
ပြုလိုက်တာ အကောင်းဆုံးပါပဲ။
မှန်တဲ့အချိန်မှာတွေ့တဲ့ အချစ်ရဲ့ရုပ်ပုံကမှ လှပသတဲ့။ (right time, right person)
မှန်တဲ့အချိန်မှာ မှားတဲ့အချစ်နဲ့ တွေ့ရင် ခံစားရတယ်။ (right time, wrong person)
မှားတဲ့အချိန်မှာ မှန်တဲ့အချစ်နဲ့တွေ့ရင် ၀မ်းနည်းရတယ်။ (wrong time, right person)
ကိုယ့်အချိန်တွေကို ပေးနိုင်မယ့် လူတစ်ယောက်ကိုရှာယူပါ။ သူ့အချိန်တွေ
ကိုယ့်အတွက်ပေးနိုင်မယ့် လူတစ်ယောက်ကို ရှာယူပါ။ ကိုယ့်အတွက်
စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်တဲ့ လူကိုတန်ဖိုးထားပါ။ အကောင်းဆုံး
လက်ဆောင်ဆိုတာ ကိုယ်ချစ်တဲ့လူအတွက် ကိုယ့်အချိန်တွေကို
ပေးနိုင်တာပဲဖြစ်တယ်။
သွားအတူ၊ လာအတူ၊ စားအတူ၊ အတူဆွေးနွေးတယ်၊ အတူဆိုညည်းတယ်၊
အတူကဗျာစပ်ကြတယ်၊ အတူကာရံတွေညှိကြတယ်... အတူ..... အတူ.... တစ်ယောက်တည်း
ဖြစ်သွားတဲ့အချိန်မှာ "အပျော်"ဆိုတာ မရှိတော့ဘူး။ တကယ်လို့ ကျွန်မကို
"အကောင်းဆုံး လက်ဆောင်က ဘာလဲလို့" မေးခဲ့ရင် "အချိန်" လို့ပဲ
ကျွန်မဖြေမိမှာပါ။
ဘယ်လောက်ပဲ ချစ်နေ၊ ခံစားနေပါစေ၊ ဘယ်လောက်ပဲ လေးစားမြတ်နိုးနေပါစေ...
အဲဒီအချစ်၊ မြတ်နိုးမှုတွေက ကိုယ်ချစ်တဲ့လူတစ်ယောက်ရဲ့ အနားမှာနေခွင့်ရတဲ့
"အချိန်" နဲ့ မနှိုင်းသာပါဘူး။
................................................
သူငယ်ချင်းတစ်ယောက်ဆီကရတဲ့မေးလ်ကိုပြန်တင်ထားတာပါ.......
သူငယ်ချင်းတို့ အားလုံးလဲကိုယ့် ရဲ့
အဖိုးတန်တဲ့အချိန်တွေကိုတန်ဖိုးထားနိုင်ပါစေ...........

ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင် ဖတ်ရှုသင့်သည့် အချက်အလက်များ

1. နာမည်ခေါ်ဝေါ် သုံးစွဲတာ မလုပ်ပါနှင့်
2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန် နဲ့ အခြားအစိတ်အပိုင်း များကို အလှောင်ပါနှင့်
3. အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကို မဝေဖန်ပါနှင့်
4. စကားပြောနေစဉ် အခြားသူတစ်ဦး နာမည်ကို မကြာခဏမပြောမိပါစေနှင့်
5. စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်
6. ဘာမဟုတ်သည့် ကိစ္စကို မငြင်းပါနှင့်
7. ဖြစ်ပြီးသား ပြသနာများကို ပြန်မပြောဖြစ်အောင် ကြိုးစားပါ
8. ဖြစ်ပျက်သမျှ ကို သူငယ်ချင်းများကို မပြောပါနှင့်
9. သူကြိုက်သည့်အရာများကို မမုန်းပါနှင့်
10.အချို့ကိစ္စများကို မသိချင်ယောင်ဆောင်ပါ
11. ဒေါသနဲ့ စကားမပြောပါနှင့်
12. စကားများတိုင်း သူပြောတာကို နားထောင်ပေးပြီး စဉ်းစားပါ
13. သူစကားပြောနေစဉ် မကြာခဏ ဖြတ်မပြောပါနှင့်
14. ကိစ္စရပ်တစ်ခုကို ပြီးဆုံးသည်အထိ မဖြေရှင်းပဲမနေပါနှင့်
15. ဘာအကြောင်းနဲ့မှ မအော်ပါနှင့်
16. သူသာ သင့်အတွက် အလိုအပ်ဆုံးဆိုတာ သူသိပါစေ
17. ချစ်သူက ချောလား၊လှလား မေးတိုင်း ပြုံးသာ ပြလိုက်ပါ
18. အကြောင်းတိုက်ဆိုင်တိုင်း သင်ကသာ ငွေရှင်းလိုက်ပါ
19. သူ၏ရှေ့မှောက်တွင် အခြားသူများကို သိသိသာသာလိုက်မကြည့်ပါနှင့်
20. အမှတ်တရ ဖြစ်ရပ်များကို သတိရတိုင်းပြောပါ
21. ဖြစ်နိုင်လျှင် ချစ်သူ၏ မွေးနေ့ နှင့် ရည်းစားစဖြစ်သည့်နေ့ကို မှတ်ထားပါ(ပြန်မေးတတ်လို့ပါ)
22. တကယ်အရေးကြုံမှ ပိုက်ဆံချေးပါ
23. ဖြစ်ပျက်သမျှအားလုံးကို သင်ကဦးအောင်တောင်းပန်လိုက်ပါ
24. အခွင့်အရေးရတိုင်း မယူပါနှင့်
25. လက်ဆောင်အသေးအမွှားလေးများ မကြာခဏပေးပါ။ ။

‌သေခြင်းတရား

လူတစ်ယောက် သစ်တောထဲက ဖြတ်လျှောက်လာတုံး ရုတ်တရက် အစာရေစာငတ်မွတ်နေတဲ့
ကျားကြီးတစ်ကောင်နဲ့တိုးမိတယ်။ ကျားကြီးကတစ်ချက်ဟိန်းပြီး
ခုန်အုပ်လိုက်တယ်။ သူကအမြန်ဆုံးနှုန်းနဲ့ လှည့် ပြေးပါတော့တယ်။
အစွမ်းကုန်ပြေးနေပေမဲ့ ကျားကလည်း ထက်ချပ်မကွာပြေးလိုက်လာနေတယ်။
နောက်ဆုံးမှာတော့ တောင်ကမ်းပါးအစပ်နားထိ ရောက်လာ တယ်။
ပြေးစရာမြေမရှိတော့ဘူး။
" ဒီကျားရဲ့ အဖမ်းခံရရင် အရှင်လတ်လတ်အစားခံရမယ်။
ချောက်ထဲခုန်ချလိုက်တာကမှ ကံကောင်းရင် ရှင်နိုင် သေးတယ်" လို့တွေးပြီး
တောင်ကမ်းပါးကနေ လွှားကနဲခုန်ချလိုက်တော့တယ်။ သိပ်ကိုကံကောင်းသွားတယ်။
သစ်ပင်တစ်ပင်ပေါ်မှာ သွားတင်နေတယ်။ ဒီအပင်က
ကမ်းပါးပြတ်တစ်နေရာမှာပေါက်နေတဲ့ ဆီးပင်။ ဆီးသီးတွေ ပင်လုံးပြည့်
သီးနေလေရဲ့။ ၀မ်းမြောက်ဝမ်းသာ အားရအားတက်နေဆဲမှာပဲ ကမ်းပါးပြတ်အောက်
ဟိုးအဝေးဆီက ခြင်္သေ့တစ်ကောင်ရဲ့ ဟောက်သံကိုကြားလိုက်ရတယ်။
ငုံ့ကြည့်လိုက်တော့ အောက်က သူ့ကိုမော့ကြည့်နေတာ အတိုင်းသား
မြင်လိုက်ရတယ်။ ရင်ထဲ "ဖိုကနဲ"
တုန်သွားတယ်။ တစ်ချက်ပြန်တွေးကြည့်ပြန်တော့ ကျားပဲဖြစ်ဖြစ်၊
ခြင်္သေ့ဘဲဖြစ်ဖြစ် သားရဲတိရိစ္ဆာန်ဘဲ။ ဘယ်အကောင်ရဲ့ အစားခံရခံရ အတူတူဘဲ
ဘာမှမထူးဘူးလို့ တွေးမိသွားပြန်တယ်။ စိတ်နှလုံး
ဒုံးဒုံးချလိုက်နိုင်ချိန်မှာဘဲ အသံတချို့ ကြားရပြန်တယ်။ ကြွက်နှစ်ကောင်က
ဆီးကိုင်းကို ကိုက်နေတဲ့ အသံဘဲ။ ရုတ်တရက် တစ်ချက်ပြာသွားပေမဲ့
ချက်ခြင်းပြန်ပြီး ငြိမ်သက်သွားတယ်။ သစ်ကိုင်းကို ကြွက်ကိုက်လို့
အကိုင်းကျိုးကျပြီးသေတာက ခြင်္သေ့ကိုက်စားလို့သေတာထက်တော့
တော်သေးတယ်လို့တွေးမိ သွားတာကိုး။ စိတ်ပြန်လည်ငြိမ်သက်သွားတော့
ဘေးပတ်ပတ်လည်မှာ ဆီးသီးမှည့်တွေချည်းပဲဆိုတာ သေချာမြင်မိတော့ တယ်။
ဒါနဲ့ဆီးသီးတွေကိုခူးပြီး စားနေတော့တယ်။ သူ့တစ်သက်မှာ ဒီလောက်အရသာရှိတဲ့
ဆီးသီးမျိုး မစားခဲ့ဖူးဘူးလို့ သူခံစားမိတယ်။
သုံးထောင့်သဏ္ဍာန်ရှိတဲ့သစ်ပင်ခွကြားကောင်းကောင်းတစ်ခုရှာပြီး သေချာ
ထိုင်တွေးရင်း စဉ်းစားတယ်။
" အနှေးနဲ့အမြန် သေရတော့မဲ့အတူတူ မသေခင် တစ်ရေးတစ်မော
ကောင်းကောင်းအိပ်ပစ်လိုက်မယ်"
ဒါနဲ့ သစ်ကိုင်းကိုမှီပြီး တခေါခေါ အိပ်မောကျသွားတော့တယ်။
အိပ်ရာကနိုးလာတော့ ကြွက်အဖြူနဲ့အမဲနှစ်ကောင်းလုံးကိုမတွေ့ရတော့ဘူး။
ကျားနဲ့ခြင်္သေ့ကိုလည်း မတွေ့ရတော့ဘူး။ သူက သစ်ကိုင်းတွေကို အသာအယာဆွဲရင်း
ကမ်းပါးထိပ်ကို ခဲရာခဲဆစ် တဖြည်းဖြည်းချင်း
တွယ်တက်လာခဲ့တယ်။နောက်ဆုံးတော့ အသက်အန္တရာယ်ဘေးက သီသီလေးလွဲလာခဲ့တော့တယ်။
ဖြစ်ပုံက သူအိပ်ပျော်သွားတုံး ဆာလောင်လွန်းတဲ့ ကျားက
ဘယ်လိုမှမအောင့်မစောင့်နိုင်တော့တဲ့အဆုံး ကမ်းပါးပေါ်က ဟိန်းဟောက်ရင်း
လိုက်ပြီးခုန်ချသွားတယ်။ ကြွက်အဖြူနဲ့အမဲနှစ်ကောင်က ကျားဟိန်းသံကြောင့်
ကြောက်လန့်ပြီးထွက်ပြေးကုန်ကြတယ်။ ကမ်းပါးပေါ်က ခုန်ချလိုက်တဲ့ကျားနဲ့
ကမ်းပါးအောက်က ခြင်္သေံ့တို့ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားပြီး နှစ်ကောင်လုံး
ဒဏ်ရာဒဏ်ချက်တွေနဲ့ မောဟိုက် ထွက်ခွာသွားကြပြီ။ လူတွေက အမိဝမ်းက
ကျွတ်တဲ့အချိန်ကစပြီး
အကျပ်အတည်းအခက်အခဲတွေဟာ ကျားကြီးလိုဘဲ တစ်ကောက်ကောက်
နောက်ကမပြတ်လိုက်နေတယ်။ ခြင်္သေ့နဲ့တူတဲ့ သေခြင်းတရားဟာလည်း
ကမ်းပါးအောက်ကလည်တဆန့်ဆန့်နဲ့ မျှော်ကြည့်နေတယ်။ နေ့လယ်နေခင်းနဲ့
ညဥ့်နက်သန်းကောင်တို့နဲ့တူတဲ့ ကြွက်အဖြူနဲ့အမဲတို့ဟာ ခဏတာဘ၀ရဲ့
ခန္ဒာကိုယ်ကို တစ်လှည့်စီကိုက်ဖြတ်နေတယ်။ တနေ့နေ့မှာတော့ ခြင်္သေ့ကြီး
ခံတွင်းထဲ ကျရောက်မှာကတော့ ဧကန်ပါဘဲ။လူ့ဘ၀ရဲ့ အဆိုးဆုံးအခြင်းအရာဟာ
သေခြင်းဘဲဆိုတာ သိနေမှတော့ တစ်နည်းဘဲရှိတယ်။ သောကကင်းကင်းနဲ့ သစ်ပင်ပေါ်က
အသီးကို ဇိမ်ခံတတ်ဖို့ဘဲ။ ပြီးတော့ သောကကင်းကင်းနဲ့ တစ်ရေးဝအောင်
အိပ်ပစ်လိုက်ဖို့ဘဲ။
အဲဒီလိုရှုတ်ထွေးမှုကင်းတဲ့စိတ်မျိုးထားနိုင်မှသာ ဘ၀ရဲ့
ချိုမြိန်တဲ့"ဆီးသီး"ရဲ့ အရာသာ ချဉ်ပြုံးပြုံးကို ခံစားရမှာပါ။

အရည်အချင်းနှင့် လက်တွေ့

လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင်
သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။

တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။
သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက်
ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင်
"ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ" ဟု
စဉ်းစားမိသည်။

တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ
ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော
နားနေဆောင်သို့ အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို
ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။
အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။
လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်ကို မေးချင်သော်လည်း
"ငါကသူတို့ထက် ပညာတတ်တယ်" ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။

တအောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး
အပေါ့အပါး သွားလေသည်။ "သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား..
မဖြစ်နိုင်ပါဘူးလေ" လူငယ်မှာ မူးမေ့မတတ် အံ့သြမိသည်။

ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး
နားနေဆောင်သို့ (၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း
မမေးချင်။ အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည်
"သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ" ဟု တွေးပြီး
ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့
ပြုတ်ကျသွားလေသည်။ ဘေးက လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘယ်လို့
ရေထဲခုန်ချရသလဲဟု မေးလေသည်။

"ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်"
လူငယ်နှစ်ဦးမှာ ရယ်ရင်း "ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က
မိုးရွာလို့ တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့
အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ"
ဟု ပြန်ဖြေလေသည်။

ကျောင်းပြီးလို့ ပြင်ပအလုပ် စ၀င်ပြီချိန်တွင် ဘာနှင့်ပဲ
ကျောင်းပြီးခဲ့ပြီးခဲ့ အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို
ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည် ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့
မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ် သင်ယူလေ့လာခြင်း၏
ရလဒ်ပင်ဖြစ်သည်။

"သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။
သူတို့ထက် ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ........" စသည်ဖြင့် ပညာမာန်
တက်နေရာမလိုပေ။ အတွေ့အကြုံရှိသူကို လေးစားပြီး ပညာရှိသူကို
ချည်းကပ်ရမည်ပင်။

ဘ၀ဟူသောအိမ်

အသက်ကြီးရင့်ပြီ ဖြစ်တဲ့ လက်သမားဆရာကြီးဟာ သူ့အလုပ်ကနေ ရပ်နားဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ အိမ်ဆောက်တဲ့ အလုပ်ကနေ ရပ်နားပြီး သူ့မိန်းမနဲ့အတူ မိသားစုဘ၀ကို အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းတော့မယ့်အကြောင်း သူ့ရဲ့ အလုပ်ရှင်ကို အကြောင်းကြားလိုက်တယ်။ အပတ်စဉ် ၀င်ငွေရနေတဲ့ ဒီအလုပ်ကို သူ နှမြောပေမယ့် သူ နားချင်ပြီ။ နားကို နားတော့မယ်လို့ စိတ် ဒုန်းဒုန်းချလိုက်တယ်။

အလုပ်ရှင်ဟာ လူတော်တစ်ယောက် ဆုံးရှုံးရမှာကို အရမ်းနှမြောနေတယ်။ သူ့ဆီကနေ အလုပ်ထွက်သွားတာကိုလည်း သူ မလိုလားဘူး။ အရမ်းလည်း ၀မ်းနည်းမိတယ်။ ဒါနဲ့ နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးတော့ ဆောက်ပေးပါဦးလို့ တောင်းပန်ပြီး ဆွဲထားလိုက်တယ်။ အလုပ်ရှင်က တောင်းဆိုနေတော့ သူ ခေါင်းညိတ်လိုက်ရပေမယ့် သူ့ရဲ့ စိတ်မပါလှတဲ့ လုပ်ရပ်တွေက အတော်လေးကို သိသာနေတယ်။ သူနားချင်တာ မနားရတော့ အလုပ်ရှင်အပေါ်မှာလည်း ငြိုငြင်မိနေတယ်။ ခါတိုင်း အနုစိတ်ပြီး တိတိကျကျ လုပ်တတ်သမျှ အခုတော့ အိမ်တစ်လုံး မြန်မြန်ပြီးဖို့ ဆိုတာပဲ အတွေးက ရှိတယ်။ သူနားချင်ပြီ။ ဒီအလုပ်ပြီးရင် သူ့အလုပ်ရှင်က ပေးနားမယ်။ ဒီတော့ မြန်မြန် ပြီးရမယ်ပေါ့။ သူ့ဘ၀ရဲ့ အသက်မွေးဝမ်းကျောင်းမှုမှာ ဒါ သူ့ရဲ့ နောက်ဆုံး လက်ရာ ဖြစ်ကျန်နေမယ်ဆိုတာကို သူ လုံးလုံး သတိမရှိနိုင်တော့ဘူး။


လက်သမားဆရာကြီးဟာ သူရဲ့ နောက်ဆုံးအိမ်လေးကို ဆောက်လို့ ပြီးသွားတော့ အလုပ်ရှင်ဟာ အိမ်ကို လာစစ်ဆေးပါရော။ အသေအချာ စစ်ဆေးပြီး အလုပ်ရှင်ဟာ အိမ်တံခါးကို ပိတ်လိုက်တယ်။ နောက် တံခါးသော့ကို လက်သမားကြီးရဲ့ လက်ထဲ ထည့်လိုက်ပြီး တည်ငြိမ်တဲ့ အကြည့်နဲ့ ပြောလိုက်တယ်။
"ဒီနေ့ကနေ စပြီး ဒါ ဆရာကြီးရဲ့ အိမ် ဖြစ်သွားပါပြီ။ ဒါ ကျနော်ရဲ့ လက်ဆောင်ပါ။"

ဒီစကားလည်း ကြားလိုက်ရော လက်သမားဆရာကြီး ထိတ်လန့် တုန်လှုပ်သွားတယ်။

ရှက်စရာ ကောင်းလိုက်တာ။ တကယ်လို့ သူ ဆောက်နေတဲ့ အိမ်ဟာ သူ့ ကိုယ်ပိုင်အိမ် ဆိုတာသိခဲ့ရင် သူ ဒီလို လုပ်ပါ့မလား။ ဒီလောက် ပစ္စလက်ခတ် ဆောက်ပါ့မလား။
xxxxxxxx xxxxxxxx

ကျနော်တို့ရဲ့ ဘ၀တွေဟာလည်း ဒီလိုပါပဲ။ ကျနော်တို့ရဲ့ ဘ၀တွေကို ကျနော်တို့ ကိုယ်တိုင် တည်ဆောက်နေရတာ မဟုတ်လား။ ဒါပေမယ့် တခါတခါ ကျနော်တို့ စွမ်းအား ရှိသလောက် ဒီ ဆောက်လုပ်ရေးမှာ ထုတ်မသုံးဖြစ်ဘူးနော်။ နောက်ဆုံး ကျနော်တို့ ဆောက်ထားတဲ့ အိမ်မှာ နေရတော့မယ်ဆိုတာ သိလိုက်ရတဲ့ အချိန်ကျမှ ကျနော်တို့ အကြီးအကျယ် ပြာယာခတ်ကုန်တယ်။ နောက်ကြောင်းပြန်ပြီး ပြန်လည်တည်ဆောက်ခွင့် ရှိရင်တော့ အရင်ကထက် ထူးထူးခြားခြား လုပ်မိကြမယ်ထင်တယ်။

တကယ်တမ်းကော ကျနော်တို့ နောက်ပြန်သွားလို့ ရပါ့မလား။ ကျနော်တို့ဟာ ဘ၀ကို ပုံဖော်နေတဲ့ လက်သမားဆရာတွေပါ။ နေ့စဉ်နဲ့အမျှ သံရိုက်ကြတယ်၊ နံရံကို တည့်မတ်ကြတယ်၊ အမိုးမိုးနေကြတယ်။ ဒီနေ့ လုပ်လိုက်တဲ့ ကျနော်တို့ရဲ့ အပြုအမူ၊ ရွေးချယ်မှုနဲ့ ကိုယ်ကျင့်တရားဟာ မနက်ဖြန် ကျနော်တို့နေဖို့ အိမ်အတွက် ကုန်ကြမ်းတွေပါ။ အထောက်အပံ့တွေပါ။

ဒါကြောင့် ဉာဏ်ပညာ ရှိရှိနဲ့ ဆောက်လုပ်ကြပါစို့လား။

ဆေးလိပ် သူငယ်ချင်း (၀တ္ထု)

ဖြတ်မရအောင် သူ ဆေးလိပ်စွဲနေတာ ကြာပြီ။ ဆေးလိပ်နံ့ မကြိုက်တဲ့ သူမကြောင့် ဆေးလိပ်ကို သူခိုးခိုးသောက်နေရတယ်။ သူမ သိလည်း မသိသလို နေတတ်တယ်။ တစ်ခါတလေ ကြည့်မရရင်တော့ သူမရဲ့ အဆူကို သူခံရတတ်တယ်။

"ဆေးလိပ်သောက်လို့ ကောင်းလား" မျက်မှောင်ကြုတ်ပြီး သူမ အမြဲမေးတတ်တယ်။

"မကောင်းဘူး။ ဒါပေမဲ့ မသောက်ရရင် မနေနိုင်ဘူး"

"ကျွန်မနဲ့ဆေးလိပ် ဘယ်အရာကို ရွေးမလဲ"

"နှစ်ခုစလုံးယူမယ်။ ကျွန်တော့်အပေါ် မကောင်းမှန်းသိတယ်။ ဒါပေမဲ့ မချစ်ဘဲလည်း မနေနိုင်သလို မသောက်ဘဲလည်း မနေနိုင်ဘူး"

သူမနဲ့ သိစက သူဒီထက် အသောက်ကြမ်းတယ်။ အားနေရင် သူ့လက်ခလယ်နဲ့ လက်ညှိုးကြားမှာ ဆေးလိပ်တစ်လိပ် အမြဲရှိနေတတ်တယ်။ မိုးလင်းပေါက် အလုပ်လုပ်ရတဲ့ ညဆို ဘယ်ပြောကောင်းမလဲ ဆေးလိပ်သောက်ပွဲ ကျင်းပနေလားလို့ ထင်ရတယ်။ ဆေးလိပ်နံ့ကြောင့် သူမကို ချောင်းတွေဆိုးစေခဲ့တယ်။ သူမနဲ့ အတူနေပြီးနောက်ပိုင်း သူအသောက် နည်းနည်းလျှော့လာခဲ့တယ်။

ပျော်ပွဲရွှင်ပွဲ တစ်ခုခုလုပ်ပြီးဆိုရင် အမြဲတမ်း ပွဲတစ်ဝက်ကနေ သူမ မသိအောင် အိမ်သာမှာ သူဆေးလိပ် သွားခိုးသောက်တတ်တယ်။ ဒါပေမဲ့ သူ့ကိုယ်ပေါ် စွဲကပ်လာတဲ့ ဆေးလိပ်နံ့က သူမကို အသိပေးသလို ဖြစ်နေတယ်။ ဒါမှမဟုတ် သူနဲ့သူမ ကြည်နှုးနေတဲ့အချိန်၊ ရိုမန်တစ် ဖြစ်နေတဲ့အချိန်၊ သူ့ရင်ခွင်ကြားထဲ သူမ တိုးဝင်တဲ့အချိန် သူ့ကိုယ်ပေါ်က ဆေးလိပ်နံ့ရရင် သူမ စကားလုံးဝ မပြောတော့ဘူး။ သူမ စိတ်ကောက်တဲ့ သွေးအေးစစ်ပွဲက ရက်အတော် ကြာတတ်တယ်။

"ဘာလို့ တိတ်ဆိတ်နေရတာလဲ"

"ဆေးလိပ်သောက်ခဲ့တယ် မဟုတ်လား"

"သောက်.. သောက်.. တယ်" လျှာခလုတ်တိုက်ပြီး သူပြန်ဖြေတော့ ချက်ချင်းပဲ သူ့ကို တွန်းထုတ်ပြီး တစ်ဖက်ကို သူမ ကျောပေးထိုင်နေလိုက်တယ်။

"တစ်လိပ်ထဲပါ.. မလိမ်ပါဘူး"

"ကျွန်မအတွက် ရှင် အဲဒီတစ်လိပ်လေးဆိုတာကို မဖြတ်ပေးနိုင်ဘူးလား"

ကြည်နှုးဖို့ ပြင်နေဆဲ သူမစိတ်တိုတော့ မျှော်လင့်ချက် ပျက်ပြီပေါ့။

"ဆေးလိပ်ဖြတ်ဖို့ အချိန်လေး ပေးပါဦးလားကွာ"

"ကျွန်မက ရှင့်အတွက် ပြောနေတာ။ ဒါကို ရှင်သိလား"

သူနဲ့ချစ်ခဲ့တဲ့ ၃နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပင်လယ်ကမ်းစပ် တစ်ခုကို သူတို့ သွားလည်ကြတယ်။ ကားပေါ်အတက် ကားကူရှင်ပေါ်က ဆေးလိပ်ဘူးကို သူမမြင်သွားတယ်။ သူနဲ့အတူ ဆေးလိပ်ဘူးက အမြဲရှိနေတတ်တာ ဆန်းတော့ မဆန်းဘူး။ သူမ စိတ်မဆိုးဘူး။ ဒါပေမဲ့ နှုတ်ခမ်းဆူပြီး ဆေးလိပ်ဘူးကို သိမ်းသွားတယ်။ သူမစိတ်ဆိုးပြီး အစီအစဉ် ပျက်သွားမှာစိုးလို့ တစ်နေ့လုံး ဆေးလိပ်မသောက်ဘဲ သူမအလိုကို သူလိုက်လျှောနေခဲ့တယ်။ ညနေ သူမကို အိမ်ပြန်ပို့တော့ သူ့အတွက် ဆေးလိပ်တစ်လိပ် ထုတ်ပေးတယ်။

"ကျွန်မကို ဂတိပေးပါ။ နောက်ဆုံး ၃လိပ်သောက်ပြီးရင် လုံးဝ မသောက်တော့ဘူးလို့"

သူ စိတ်ထိခိုက်ပြီး ဘာပြောရမှန်း မသိတော့ဘူး။ ချက်ချင်း ဘယ်လိုဖြတ်ရမလဲ..? ဒါပေမဲ့ ချစ်စိတ်ကြောင့် သူမ စိတ်ချမ်းသာအောင် ခေါင်းသွင်သွင် ညိတ်လိုက်မိတယ်။

ဆေးလိပ်ကို ချက်ချင်းဖြတ်လို့ မရမှန်း သူမလည်း သိနေတယ်။ သူ့ရဲ့ မတင်မကျ ဆုံးဖြတ်ချက်ကို သူမ အကောင်အထည်ဖော်ပြီး သူ့ကို ဆေးလိပ်ကူဖြတ်ပေးတယ်။ ဆေးလိပ်ဖြတ် ချိုချဉ်၊ ဆေးလိပ်ဖြတ် ဆေးတွေ သူ့အတွက် ၀ယ်လာတယ်။ ဒါပေမဲ့ အရာမရောက်ခဲ့ဘူး။

"ကျွန်မ ဆေးလိပ်သောက်သင်မယ်။ နောက်ဖြတ်မယ်။ ဖြတ်ပြီး ကျွန်မ ဘယ်လိုဖြတ်ခဲ့တယ်ဆိုတာ ရှင့်ကို ပြန်ပြောပြမယ်လေ"

"မ အ ပါနဲ့ကွာ.. ဘယ်သူက အဲလို လုပ်ဖူးလို့လဲ"
သူမခေါင်းကို ငြင်သာစွာခေါက်ရင်း သူပြောတယ်။

"အသုံးဝင်မယ် ထင်လို့ပါ"

"ဆေးလိပ်နံ့ ခံနိုင်တာလည်း မဟုတ်ဘဲနဲ့ ဇွတ်မလုပ်ချင်ပါနဲ့ကွာ"

"ဒါဆို ရှင်ဘယ်အချိန်မှ လုံးဝဖြတ်လို့ရမှာလဲ"

"အတတ်နိုင်ဆုံး ဖြတ်နေတာပဲ" သူမခေါင်းကို ပွတ်သပ်ရင်း သူဖြေတယ်။

"ရှင့်ကို ကျွန်မအရမ်းချစ်တယ်။ ရှင့်ကို ကျွန်မ မဆုံးရှုံးချင်ဘူး" ပြောရင်း သူမ ငိုတယ်။

"မငိုပါနဲ့... ကွာ"

တစ်ခါက မြို့ထဲ သူတို့ထွက်လည်ကြတော့ လမ်းဘေးက ဓာတ်ပုံရိုက်စက်မှာ သူ့ကိုအတင်းဆွဲပြီး ပုံနှစ်ပုံရိုက်ခဲ့တယ်။ တစ်ပုံကို သူ့ပိုက်ဆံအိတ်ထဲ ကပ်ပေးရင်း....

"ဆေးလိပ်သောက်တဲ့အချိန်တိုင်း ပုံထဲက ကျွန်မကိုကြည့်နော်"

ဒီလိုနဲ့ ဆေးလိပ်ဖြတ်မယ်၊ မဖြတ်ဘူး ဆိုတာနဲ့ပဲ လွန်ဆွဲနေမိတယ်။ လမ်းခွဲစကားကို သူမ စပြောလာတယ်။ ဖုန်းတစ်ဖက်မှာ တစ်ညလုံး တိတ်တဆိတ် သူတို့ ငိုကြွေးခဲ့ကြတယ်။ သူမ အိပ်ရာဝင်မှ သူဖုန်းချပြီး သူတို့ရဲ့ အချစ်ဇာတ်လမ်းကို အဆုံးသတ်ခဲ့ကြတယ်။

အလုပ်ထဲမှာပဲ သူ့ဘ၀ကို နစ်မြုပ်လိုက်တယ်။ ဆေးလိပ်ဖြတ်ဖို့ ဆိုတာကို သူ မကြိုးစားတော့ဘူး။ သူနဲ့ လမ်းခွဲပြီးနောက် သူမကတော့ ဘာမှ မဖြစ်ခဲ့သလိုပဲ။ ဒါပေမဲ့ ဘေးမှာ တစ်ခုခု လိုနေတာကို သူမခံစားမိတယ်။ ဆေးလိပ်သောက်သူတွေ တွေ့တိုင်း၊ ဆေးလိပ်နံ့ ရှုမိတိုင်း သူ့ကိုယ်ပေါ်က၊ သူ့ရင်ခွင်က ဆေးလိပ်နံ့ကို သူမ သတိရနေမိတယ်။ ဆေးလိပ်နံ့က သူမအတွက် သူ့ကို သတိရစေတဲ့အနံ့ ဖြစ်ခဲ့တယ်။

သူမ ဆေးလိပ်စသောက်နေမိပြီ။
ပထမတစ်လိပ် သူ့ကို ပိုသတိရသွားတယ်။
ဒုတိယတစ်လိပ် အငွေ့တွေကို တစ်ခန်းလုံးလွှမ်းအောင် မှုတ်ထုတ်မိတယ်။ တစ်လိပ်ပြီး တစ်လိပ်.... အိပ်ရာခင်းတွေကအစ အရင်က သူမ မနှစ်သက်ခဲ့တဲ့ သူ့အိပ်ရာခင်းလိုဖြစ်အောင် အငွေ့တွေ မှုတ်ထုတ်မိတယ်။ ဆေးလိပ်ငွေ့တွေ ရှုပြီး မူးနောက်လာမှ သူမ အိပ်ပျော်သွားတတ်တယ်။

သူမ ဆေးလိပ် မသောက်ရ မနေနိုင်တော့ဘူး။ အသည်းကွဲလို့ ထွက်ပေါက်ရှာတာလား..? အရွဲ့တိုက်ချင်လို့လား..?သူမ ဘာမှ သေချာမသိတော့ဘူး။ သူမသိတာက ဆေးလိပ်သောက်ဖို့ပဲ။

နှစ်တစ်နှစ် ကုန်သွားခဲ့တယ်။ မမျှော်လင့်ဘဲ နေရာဟောင်းမှာ သူတို့ပြန်ဆုံကြတယ်။ နှစ်အတော်ကြာ ကွဲကွာနေတဲ့ သူငယ်ချင်းဟောင်းလိုပဲ ကမ်းစပ်ဘေးကို သူတို့ရောက်သွားပြန်တယ်။ ရုပ်ကျသွားတဲ့ သူမကိုတွေ့တော့ သူ့ကြောင့်ဖြစ်ရတယ်ဆိုပြီး သူစိတ်မကောင်းဖြစ်မိတယ်။ သူမ ဆေးလိပ်တစ်လိပ် ထုတ်ပြီး မီးညှိလိုက်တယ်။

"ဆေးလိပ်သောက်တယ်" အံ့သြတဲ့ ပုံစံနဲ့ သူမေးတယ်။
"အင်း.. သောက်ပါဦး"
"တော်ပြီ... ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပြီ"
"အော်.. ဘယ်တုန်းကလဲ" သူဆေးလိပ်ဖြတ်နိုင်တာကို သူမ အံ့သြမိတယ်။

"နှစ်ဝက်လောက်ရှိပြီ။ ကျွန်တော် သိပ်ချစ်တဲ့ ကောင်မလေး တစ်ယောက်ကြောင့်"

သူမ နှုတ်ဆိတ်သွားမိတယ်။ လက်ကြားမှာ ညှပ်ထားတဲ့ ဆေးလိပ်က တုန်ခါနေတယ်။ အရင်က သူဆေးလိပ်ဖြတ်ဖို့ သူမမျှော်လင့်ခဲ့ဖူးတယ်။ အခု သူမကိုယ်တိုင် ဆေးလိပ်စွဲနေတယ်။ ကျဆုံးခြင်း၊ ဆုံးရှုံးခြင်းစတဲ့ ဝေဒနာတွေက သူမရင်ဝကို လာဆောင့်တယ်။ ဘာဆက်ပြောရမှန်း မသိလို့ လက်ထဲက ကျန်နေတဲ့ ဆေးလိပ်ပိုပဲ သူမ ဆက်သောက်နေမိတယ်။

"ဘယ်တုန်းက ဆေးလိပ်စသောက်တာလဲ"

"နှစ်ဝက်ရှိပြီ။ ကျွန်မ သိပ်ချစ်တဲ့ ကောင်လေးတစ်ယောက်ကြောင့်"

"သူ့ကို ဆေးလိပ်ဖြတ်စေချင်လို့ လိုက်သောက်တာလား"

သူမမှာ နောက်ထပ် ကောင်လေးတစ်ယောက်ရှိတယ် အထင်နဲ့ သူမေးလိုက်တယ်။

"မဟုတ်ဘူး။ သူ့ကိုယ်ပေါ်က ဆေးလိပ်နံ့ကို ကျွန်မ တမ်းတနေမိလို့"

သူတစ်ချက် တွေဝေသွားတယ်။ သူ့ကြောင့်လား... ပိုက်ဆံအိတ်ကို သူဖွင့်ပြီး အရောင်လွှင့်စပြုနေတဲ့ ဓာတ်ပုံကို သူကြည့်လိုက်တယ်။

"ဒီဓာတ်ပုံထဲက ကောင်မလေးကြောင့် ကျွန်တော် ဆေးလိပ်ဖြတ်လိုက်တာ။ သူမအနားမှာပဲ ကျွန်တော် ပြန်နေချင်လို့ ဆေးလိပ်ဖြတ်လိုက်တာ"

သူ့ကို သူမ ငေးကြည့်မိတယ်။ မျက်ရည်တွေက ပါးပြင်ထက် လျှောကျလို့လာတယ်။

"ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပြီ။ ကျွန်တော်ဘယ်လို ဖြတ်ခဲ့တယ်ဆိုတာကို ပြန်ပြောပြမယ်လေ"

သူ့စကားကြောင့် သူမ ပြုံးလိုက်မိပါတယ်။

ပျော်ရွှင်ခြင်း၊ ကြည်နှုးခြင်းကို တကယ်သိတတ် နားလည်တတ်ရင် ရယူဖို့ဆိုတာ လွယ်ကူပါတယ်။ လွယ်ကူလွန်းလို့ တစ်ခါတရံမှာ မယုံကြည်နိုင်အောင်ဖြစ်ပြီး လက်လွှတ်ဆုံးရှုံးမိတတ်တယ်။

ပျော်ရွှင်တာ၊ မပျော်ရွှင်တာတွေ ကိုယ့်အတွက် ချန်မထားပါနဲ့...

တစ်ခါက ထမင်းစားချိန်မှာ စိတ်ညစ်စရာတွေ ခေါင်းထဲဝင်လာလို့ ထမင်းစားနေရင်း ကျွန်မ မျက်ရည်ကျခဲ့မိတယ်။ အနားမှာရှိတဲ့ သူငယ်ချင်းက "ပျော်ရွှင်တာ၊ မပျော်ရွှင်တာတွေကို ကိုယ့်အတွက် ချန်ထားသင့်တယ်" လို့ ပြောပါတယ်။ သူ့စကားအဓိပ္ပါယ်က ကျွန်မကို နှစ်သိမ့်တဲ့ စကားလား! ဆုံးမတဲ့စကားလား ဆိုတာကို ကျွန်မနားမလည်ခဲ့ဘူး။ ဒါပေမယ့် သူမှန်ပါတယ်။

ကိုယ်ပျော်ရွှင်တဲ့အခါ တစ်ခြားလူကို ထုတ်ဖော်ကြွားဝါစရာ မလိုသလို ဝမ်းနည်းတဲ့အခါ တစ်ခြားလူကို ရင်ဖွင့်ညည်းတွားပြစရာ မလိုဘူး။ လူတိုင်းမှာ စိတ်ညစ်စရာ ကိုယ်စီရှိတတ်ကြလို့ တစ်ခြားလူတွေရဲ့ စိတ်ညစ်စရာတွေကို ကိုယ်က ထပ်လွယ်ပိုး ခံထားရဦးမယ်ဆိုရင် ကိုယ်ဟာ အရမ်းသနားစရာ ကောင်းသွားပါလိမ့်မယ်။
999999999999999999999999 999999999999999999999999

အဲဒီနေ့က ကျွန်မ အရမ်းစိတ်ညစ်ခဲ့လို့ သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောဖြစ်ခဲ့တယ်။ သူ့ဆီက စိတ်ပြေစရာ အကြံဥာဏ်ကောင်းလေး တောင်းယူနိုင်အောင် ဖုန်းဆက်ခဲ့တာဖြစ်တယ်။ သူက အလုပ်တွေ တောင်လိုပုံနေတဲ့ ရုံးခန်းထဲမှာမို့ စကားသုံးလေးခွန်းပြောပြီး ကျွန်မ အားနာနေမိခဲ့တယ်။

"မပြောတာဘဲ ကောင်းမယ်ထင်တယ်"

"ပြောပါ! ကိစ္စမရှိဘူး။ ငါ နားထောင်နေတယ်" နွေးနွေးထွေးထွေးနဲ့ သူပြန်ပြောပါတယ်။

နောက်ဆုံး အရမ်းတန်ဖိုးရှိတဲ့ အကြံတစ်ချို့ ကျွန်မကို သူပေးခဲ့တယ်။

ဟုတ်ပါတယ်။ လူတိုင်းမှာ စိတ်ညစ်စရာ ကိုယ်စီရှိကြတယ်။ တစ်ခြားသူ ရင်ဖွင့်လာတဲ့ စိတ်ညစ်စရာတွေကို ကိုယ်နားထောင်ပေးလိုက်တဲ့အခါ ကိုယ့်စီက စိတ်ညစ်စရာလည်း ပြေလျှော့သွားသလို ထင်ရပါတယ်။

ကိုယ်ပျော်တဲ့အခါ ကိုယ့်အပျော်တွေကို တစ်ခြားလူနဲ့မျှဝေမှ ပိုအဓိပ္ပါယ်ရှိသလို ကိုယ်စိတ်ညစ်တဲ့အခါ ကိုယ်ရင်ဖွင့်တာကို နားထောင်ပေးတဲ့လူ၊ နှစ်သိမ့်တဲ့လူရှိမှ ဖြစ်လာတဲ့ပြဿနာ၊ စိတ်ညစ်စရာတွေကို ကျွန်မတို့က သတ္တိရှိရှိ ရင်ဆိုင်ရဲမှာဖြစ်တယ်။

"ပျော်ရွှင်တာ၊ မပျော်ရွှင်တာတွေကို ကိုယ့်အတွက် ချန်ထားသင့်တယ်" ? ဆိုတဲ့ စကားက အသိဥာဏ်ရှိတဲ့ စကားဖြစ်ပေမယ့် လူကို အထီးကျန်ဆန်စေပါတယ်။ ဒီစကားအတိုင်းတော့ ကျွန်မ မလုပ်နိုင်ခဲ့ပါဘူး။

ကိုယ်ပျော်တဲ့အခါ ကိုယ့်အပျော်တွေကို တစ်ခြားလူနဲ့ မျှဝေမှ ပိုအဓိပ္ပါယ်ရှိသလို ကိုယ်စိတ်ညစ်တဲ့အခါ ကိုယ်ရင်ဖွင့်တာကို နားထောင်ပေးတဲ့လူ၊ နှစ်သိမ့်တဲ့လူရှိမှ ဖြစ်လာတဲ့ပြဿနာ၊ စိတ်ညစ်စရာတွေကို ကျွန်မတို့က သတ္တိရှိရှိ ရင်ဆိုင်ရဲမှာဖြစ်တယ်။

ဒီစကားကို ကျွန်မ အရမ်းသဘောကျမိတယ်။

တစ်ခါတလေမှာ သိတတ်လိမ္မာလွန်းရင် လူကို ပိုအထီးကျန်ဆန်စေပါတယ်။ စိတ်ညစ်စရာတွေ၊ အဆင်မပြေတာတွေကို တစ်ခြားလူဆီ ရင်ဖွင့်ရဲခဲ့ရဲ့လား? ဒါမှမဟုတ် တစ်ခြားလူရင်ဖွင့်တဲ့ စိတ်ညစ်စရာတွေကို နားထောင် ကိုယ်ချင်းစာပေးနိုင်ခဲ့ရဲ့လား?

သူငယ်ချင်းတို့ရေ... ကိုယ့်ကို အထီးကျန်အောင် မဖန်းဆင်းပါနဲ့နော်...

အမြဲတမ်း ရှိနေပါတယ်

လူတစ်ချို့ ကိုယ့်ဘဝထဲ ဝင်လာကြတယ်။ ဒါပေမယ့် တစ်ချို့က မြန်မြန်ဆန်ဆန် ထွက်ခွါသွားကြတယ်။ တစ်ချို့က ခဏလေး ရပ်နားပေမယ့် တစ်ချို့က ကြာကြာရပ်နားပြီး ကိုယ့်သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ ကိုယ့်ရင်ဘတ်မှာ လှပတဲ့ အမှတ်တရခြေရာတွေ ထွင်းရစ်ခဲ့ကြတယ်။ (picture from :google image)

တစ်ချို့က ကိုယ့်အတွက် ဂုဏ်ယူကြတယ်။
တစ်ချို့က ကိုယ့်ကို သတိရကြတယ်၊ ဂရုစိုက်ကြတယ်။
တစ်ချို့က ကိုယ်နဲ့ စကားပြောချင်ကြတယ်။
တစ်ချို့က အခက်အခဲ တွင်းနက်ထဲ ကိုယ်ပြုတ်မကျဖို့ မျှော်လင့်ကြတယ်။
တစ်ချို့က ကိုယ်ကူညီခဲ့တာကို ကျေးဇူးတင်နေတယ်။
တစ်ချို့က အရာရာ အဆင်ပြေချောမွေ့ဖို့ ကိုယ့်ကို ဆုတောင်းပေးကြတယ်။
တစ်ချို့က ကိုယ့်လက်ကို ဆုတ်ကိုင်ချင်တယ်။
တစ်ချို့က ကိုယ့်ကို အကာအကွယ်ပေး စောင့်ရှောက်ချင်တယ်။
တစ်ချို့က ဒီလောကမှာ ကိုယ်အသက်ရှင် ရှိနေမှန်း အသိအမှတ်ပြုပေးတယ်။
တစ်ချို့က ကိုယ့်ကို လက်ဆောင်တစ်ခုပေးနိုင်ဖို့ ဆန္ဒရှိနေတယ်။
တစ်ချို့က ကိုယ့်အောင်မြင်မှုအတွက် ဂုဏ်ယူပြီး ပွေ့ဖက်ချင်တယ်။
တစ်ချို့က သူ့အတွက် ကိုယ်ဟာ အကောင်းဆုံးလက်ဆောင်လို့ ထင်တယ်။
တစ်ချို့က ကိုယ့်ကို သိပ်မအေး၊ သိပ်မပူဘဲ သက်တောင့်သက်သာ နေနိုင်ဖို့ မျှော်လင့်တယ်။
တစ်ချို့က ကိုယ့်အကြောင်းကို တွေးပြီး ပြုံးနေတတ်တယ်။
တစ်ချို့က ကိုယ်နဲ့သာဆိုရင် ဘာမဆို ရင်ဆိုင်ရဲသတဲ့။
တစ်ချို့က ကိုယ့်ရဲ့ကြံ့ကြံ့ခံနိုင်မှုကို အားကျတယ်။
တစ်ချို့က ကိုယ့်ပုခုံးထက်မှာ ခိုမှီနားနေချင်တယ်။
တစ်ချို့က ကိုယ်နဲ့အတူ အပျော်တွေ မျှဝေချင်တယ်။
တစ်ချို့က ကိုယ့်ရဲ့ခွင့်လွတ်ခြင်းကို တောင့်တနေတယ်။
တစ်ချို့က ကိုယ်ခွင့်လွတ်လိုက်လို့ ပျော်နေတယ်။
တစ်ချို့က ကိုယ်နဲ့အတူ လွတ်လွတ်လပ်လပ် ရယ်မောနေချင်တယ်။
တစ်ချို့က ကိုယ့်နဲ့တွေ့ရဖို့ အချိန်တွေကို မစောင့်နိုင်တော့ဘူးတဲ့။
တစ်ချို့က ကိုယ့်ကို မှတ်မိနေပြီး သူ့တို့ဘေးမှာ ကိုယ်အမြဲ ရှိနေစေချင်ခဲ့တယ်။
တစ်ချို့က ကိုယ့်စိတ်ဝိညာဉ်ကိုတောင် တန်ဖိုးထားတယ်။
တစ်ချို့က ကိုယ့်ကိုယ်ဖန်ဆင်းခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်နေတယ်။
တစ်ချို့က ကိုယ့်ကိုသူဘယ်လောက် မြတ်နိုးကြောင်း ပြောပြချင်နေတယ်။
တစ်ချို့က ကိုယ်နဲ့အတူ သူ့အိပ်မက်ကို မျှဝေခံစားစေချင်တယ်။
တစ်ချို့က ကိုယ်နဲ့အတူ ရှိနေတဲ့အခါ အချိန်ကို ရပ်တန့်ထားချင်ခဲ့တယ်။
တစ်ချို့က သူ့ကိုကိုယ်သတိထားမိဖို့ မျှော်လင့်နေတယ်။
တစ်ချို့က ကိုယ့်ကြောင့် တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။
တစ်ချို့က ကိုယ်နဲ့အတူ အမြဲတမ်း ရှိနေချင်တယ်။
တစ်ချို့က ကိုယ့်ရင်ခွင်ထဲ တိုးဝင်ချင်တယ်။
တစ်ချို့က ကိုယ့်ကို သူ့ရင်ခွင်ထဲ ထွေးပွေ့ထားချင်တယ်။
တစ်ချို့က ကိုယ်နဲ့သူငယ်ချင်း ဖြစ်ချင်နေတယ်။
တစ်ချို့က ကိုယ်က သူ့သူငယ်ချင်းဖြစ်နေလို့ ပျော်ရွှင်နေတယ်။
တစ်ချို့က ကိုယ့်ကို ပိုနားလည်ချင်နေတယ်။
တစ်ချို့က ကိုယ့်ကို ယုံကြည်တယ်။ တစ်ချို့က ကိုယ့်ယုံကြည်မှုကို လိုနေတယ်။
တစ်ချို့က ဒီစာကိုဖတ်ပြီး ကြည်နူးနေတယ်။ တစ်ချို့က မျက်ရည်ဝဲနေတယ်။
တစ်ချို့က ကိုယ့်ဆီက ဒီလိုအီးမေးလ်မျိုးကို မျှော်နေတယ်။
တစ်ချို့က ကိုယ့်အားပေးတာကို လိုအပ်နေတယ်။
တစ်ချို့က ကိုယ့်ကို အားပေးနေတယ်။
တစ်ခါတလေမှာ ကိုယ်မေ့နေခဲ့ပြီလား...!
တစ်ခါတလေမှာ ကိုယ်တစ်ယောက်တည်းဆိုတဲ့ အတွေးနဲ့အားငယ်နေခဲ့ပြီလား..!
တကယ်တော့ အမြဲတမ်း ကိုယ့်ကို ဂရုစိုက်၊ အလေးထားတဲ့လူတွေက ကိုယ့်ဘေးမှာ ရှိနေပြီးသားပါ...

တွေ့ဆုံချိန်မှာ တန်ဖိုးထား...

တွေ့ဆုံချိန်မှာ မိုးရွာချင်ရွာနေမယ်၊ နေသာချင်သာနေလိမ့်မယ်။
ဒါပေမယ့် ရင်ထဲမှာ စိတ်လှုပ်ရှားမှု၊ အပျော်တွေ ကိုယ်စီရှိနေကြတယ်။

မြို့က အကျယ်ကြီး၊ ကမ္ဘာကြီးကလည်း မသေးဘူး။
ဒီလို ကြီးမားကျယ်ပြန့်တဲ့ နေရာမှာ အချင်းချင်းတွေ့ဆုံဖို့ ဆိုတာကို
တစ်ခါမှ မတွေးခဲ့မိဘူး။ လူတစ်ယောက်ကို သိဖို့လွယ်ပေမယ့် တွေ့ဆုံဖို့ဆိုတာ
ခက်ခဲလွန်းတယ်။ တစ်နေရာစီမှာ ရှိနေကြတဲ့ အစက်လေး နှစ်စက်အတွက်
တွေ့ဆုံဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။

ဒါပေမယ့်... တွေးကြည့်ခဲ့ဖူးရဲ့လား?
လူတွေ သိန်း၊ သန်းပေါင်းများစွာ စုရုံးနေတဲ့ ဂြိင်္ုလ်ပြာကြီးထဲမှာ
ဘာကြောင့် ငါတို့တွေ့ဆုံခဲ့ကြသလဲ?

ငယ်ငယ်တုန်းက နားထောင်ခဲ့ဖူးတဲ့ ရာဇဝင်ပုံပြင်ထဲမှာ....
ရေသူမလေး ရေပြင်ပေါ်ဘွားခနဲ့ ပေါ်လာတဲ့အချိန် မင်းသားရဲ့သင်္ဘောလည်း
အဲဒီနေရာကို ဖြတ်သွားတဲ့ အချိန်ဖြစ်နေတယ်။ တောထဲမှာ မင်းသား
လှည့်လည်နေတဲ့အချိန် မျှော်လင့်မထားဘဲ စနှိုးဝိုက်နဲ့ တွေ့ဆုံခဲ့တယ်။
တွေ့ဆုံခြင်းက ဒီလောက်ပဲ တိုက်ဆိုက်နိုင်ခဲ့သလား? အဲဒီတွေ့ဆုံခြင်းမှာ
နင်ရှိခဲ့တယ်၊ ငါရှိခဲ့တယ်။

တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ အချင်းချင်း တွေ့မြင်ကြပြီဆိုရင် ....
တွေ့ဆုံခြင်းပါတဲ့။

ဂျပန်ကား "Now and Then" က ဇာတ်လိုက်တွေက ဇာတ်လမ်းရဲ့နောက်ဆုံးမှာ
ဖဲကြိုးရှည်တွေ လွတ်ပြီး ဒီအချိန်၊ ဒီနေရာမှာ ဒီလူတွေ
ရှိခဲ့ကြတယ်ဆိုတာကို အထိမ်းအမှတ် လုပ်ခဲ့ကြတယ်။ ဒါပေမယ့် လူအများရဲ့
တွေ့ဆုံခြင်းမှာ နှုတ်ဆက်ခြင်း၊ အထိမ်းအမှတ်ပြုခြင်းတွေ မရှိခဲ့ကြဘူး။
တစ်ချို့ရဲ့တွေ့ဆုံခြင်းက မျဉ်းကြားမှာ လမ်းဖြတ်ကူးသလိုပဲ
ပုခုံးချင်းတိုက် မျက်နှာလွှဲခဲ့ကြတယ်။ နှုတ်ဆက်ဖို့ဆိုတာ ဝေးလို့
သူတို့အနားမှာ ပုခုံးချင်း ပွတ်တိုက်သွားတဲ့ လေစိမ်းတွေသာ ကျန်ရစ်ခဲ့တယ်။

တကယ်တော့ တွေ့ဆုံဖို့ဆိုတာ မလွယ်လှပါဘူး။ လုံးဝ မလွယ်လှပါဘူး။
တစ်ခါတလေမှာ ဒီလူ၊ ဒီလူနဲ့ ဒီနေရာမှာ အရမ်းတွေ့ချင်မိတယ်၊ တစ်ခါလောက်
ဒီလူ၊ ဒီလူနဲ့ ထပ်ဆုံချင်ပေမယ့် တွေ့ဆုံခြင်းက ဝေး,ဝေးနေခဲ့တယ်။

ဒါကြောင့် အချင်းချင်း တွေ့ဆုံချိန်မှာ တန်ဖိုးထားကြပြီး နွေးထွေးမှု၊
အကြင်နာတွေ ပိုပါစေ။
ခွဲခွါခါနီးမှာ "see you"လို့ ပြောဖို့ မမေ့ပါနဲ့။
အပြုံးတွေနဲ့ တွေ့ဆုံကြမယ်၊ အပြုံးတွေနဲ့ ခွဲခွါကြမယ်။
အပြုံးတွေနဲ့ နောက်ထပ်တစ်ခါ တွေ့ဆုံကြစို့....

အချစ်ရဲ့တန်ဖိုး...........

"မောင် ဒီနေ့ ပြန်လာဖို့ အချိန် တကယ်မမီတော့ဘူးလားဟင်" တံခါးဝထိ လိုက်ပို့တဲ့ ဇနီးက မျှော်လင့်ချက် မျက်လုံးနဲ့ သူ့ကိုမေးတယ်။

"ဒီဧည့်သည်က အရေးကြီးတယ်။ မောင်တို့ ဟိုမှာပဲ တည်းဖြစ်လိမ့်မယ်။ မောင့်ကို မစောင့်နဲ့တော့.. မနက်ဖြန်မှပဲ မောင်တို့ထပ်ကျင်းပကြတာပေါ့"

"ဟုတ်ကဲ့ပါမောင်.. ကားကို သတိထား မောင်းအုန်းနော်"

သူမကို သူတစ်ချက်နမ်းလိုက်တယ်။ သူ့အလုပ်အိတ်ကို သူမကားပေါ် တင်ပေးလိုက်တယ်။ ဒီနေ့က သူနဲ့သူမရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ ဖြစ်တယ်။ သူမကို သူစတွေ့တုန်းက သူမရဲ့ ဖျတ်လတ်မှု၊ အလုပ်အကိုင် ကြိုးစားမှု၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှု၊ စိတ်သဘောထား နူးညံ့သိမ်မွေ့မှုတွေက သူ့ကို ဖမ်းစားခဲ့တယ်။ ဒီနေ့အထိ သူမကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ဆုံးဖြတ်ချက်တွေ မှန်ခဲ့တယ်ဆိုတာ သက်သေပြနေပါတယ်။
သူမဟာ ကုန်သည်ရဲ့ ဇနီးကောင်းတစ်ဦးအဖြင့် တာဝန်ကျေခဲ့ပါတယ်။ သူ့အတွက် စိတ်ဓာတ်ခွန်အားတွေ အားပေးကူညီသူဖြစ်ခဲ့တယ်။ မကြာခဏ သူခရီးထွက်နေရလို့ အိမ်တာဝန်ကို တစ်ဦးတည်း ထိန်းသိမ်းခဲ့သူဖြစ်တယ်။ သားနှစ်ယောက်ကလည်း လိမ္မာရေးခြား ရှိလှတယ်။ သားလေးတွေ မွေးတုန်းက သူမ အနားမှာ သူမရှိနိုင်ခဲ့ဘူး။ ဒါကြောင့် ဒီဘဝမှာ သူတို့အတွက် အရေးကြီးတဲ့ နေ့ရက်ဆိုလို့ မင်္ဂလာနှစ်ပတ်လည်နေ့နဲ့ သူမ ဆုံးတဲ့နေ့ဖြစ်တယ်။ အဲဒီနှစ်ရက်ကို သူမပျက်မကွက် တက်ရမယ်လို့ သူ့ကို သူမ မကြာခဏ စနောက်တတ်တယ်။

သူမရဲ့ အစအနောက်ကို သူ ဂရုမစိုက်ခဲ့မိဘူး။ ခါတိုင်းလိုပဲ သူ့စိတ်ကူး အိပ်မက်တွေအတွက် အလုပ်တွေနဲ့ ရှုပ်နေခဲ့တယ်။ သူ့စိတ်ကူးအိပ်မက်၊ သူ့ရည်မှန်းချက်နဲ့ သူ့သတ္တိကို သူမအစကတည်းက နားလည်ခဲ့ပါတယ်။ ဒီလောကမှာ သူမဟာ သူ့ကို နားလည်မှု အပေးဆုံးလို့လည်း သူသိထားတယ်။ သူ့ကြိုးစားမှုတွေက သူမအတွက်၊ မိသားစုအတွက်ဆိုတာ သူမ သဘောပေါက်ခဲ့ရင် ဒီညနှစ်ပတ်လည်နေ့မှာ သူပျက်ကွက်ခဲ့တာကို သူမခွင့်လွတ်လိမ့်မယ်လို့ သူယုံကြည်မိတယ်။
ကုမ္ပဏီသွားတဲ့ လမ်းတစ်နေရာမှာ ပန်းအရောင်းဆိုင် တစ်ဆိုင်ကို သူတွေ့လိုက်တယ်။ ကားရပ်ပြီး သူမကြိုက်တဲ့ နှင်းဆီနီကို ၇ ဒါဇင်မှာလိုက်တယ်။ နှင်းဆီတစ်ပွင့်က တစ်လကိုယ်စားပြုတယ်။ ၇နှစ်အတွက် နှင်းဆီပန်းတွေမှာပြီး နေအိမ်လိပ်စာကဒ် ထုတ်ပေးလိုက်တယ်။ သူ့ကိုယ်စား သူမအတွက် ပန်းဆိုင်က သွားရောက်ပို့ပေးဖို့ဖြစ်တယ်။ ပန်းမှာပြီး သူလှည့်အထွက် တံခါးဝမှာ ပန်းအိုးတစ်လုံး ကိုင်ထားတဲ့ အဘိုးအိုတစ်ဦးနဲ့ တိုက်မိခဲ့တယ်။

" ဟာ.. အဘိုး... ဆောရီးပါ။ ဘယ်နား နာသွားပါသလဲ?"

ပျာပျာသလဲ တောင်းပန်တဲ့ သူ့ကို အဘိုးအို ဂရုမစိုက်ဘဲ လက်ထဲ လွတ်ကျခါနီးတဲ့ ပန်းအိုးကိုပဲ အလျှင်အမြန် စစ်ဆေးနေတယ်။

"တော်သေးတယ် .. တော်သေးတယ်။ ဘုရားသခင် ကယ်ပေလို့ ဒီစပယ်ပန်းအိုးလေး ကွဲမသွားတာ" အဘိုးအို တိုးတိုးလေး ရေရွတ်နေတယ်။

အဘိုး.. အဆင်ပြေလား? ဆေးရုံ လိုက်ပို့စရာလိုပါသလား?" သူထပ်မေးလိုက်ပြန်တယ်။

အဲဒီအချိန်ကျမှ အဘိုးအိုက "မလိုဘူး.. ငါ့သား မလိုဘူး။ အဘိုးအရိုးတွေ မာနေသေးတယ်။ ဘာမှမဖြစ်လောက်ဘူး။ ဒီပန်းက အဘိုးမိတ်ဆွေ စိုက်ထားတာ။ အဘိုးမိန်းမက စပယ်ပန်း ကြိုက်တတ်မှန်းသိလို့ လက်ဆောင်ပေးထားတာ။ သူ့ကို အဘိုး မြန်မြန်ယူသွားပြရမယ်။ ဒီနေ့က အဘိုးတို့ရဲ့ ၄၅နှစ်ပြည့် နှစ်ပတ်လည်နေ့လေ။ သူ့အရမ်းပျော်မှာပဲ"

ပြောပြောဆိုဆို ထွက်သွားတဲ့ အဘိုးအိုရဲ့နောက်ကျောကို သူငေးနေမိတယ်။ အသက်အရွယ် အိုမင်းခဲ့ပေမယ့် သူ့ဇနီးအပေါ်ထားတဲ့ ခံစားချက်၊ သံယောဇဉ် မေတ္တာတွေက ပြည့်နှက်နေဆဲပါလား...

ကုမ္ပဏီဝင်ပြီး ညနေမှာ ဧည့်သည်နဲ့ ချိန်းထားတဲ့နေရာကို သူထွက်လာခဲ့တယ်။ ကားအသွားအလာရှင်းပြီး လမ်းတွေ မပိတ်ခဲ့ပေမယ့် လမ်းဘေးသင်္ချိုင်း တစ်နေရာက မြင်ကွင်းတစ်ခုက သူ့ကားကို ရပ်တန့်စေခဲ့တယ်။ ပန်းအရောင်ဆိုင်ရှေ့က သူတိုက်ခဲ့မိတဲ့ အဘိုးအိုမှာ အုတ်ဂူတစ်လုံးရှေ့ ထိုင်ပြီး မြက်တွေရှင်းနေတာကို တွေ့လိုက်မိတယ်။ စပယ်ပန်းအိုးကို အုတ်ဂူပေါ်မှာ တင်ထားတာ တွေ့လိုက်တယ်။သူ ဘာမှ စဉ်းစားမနေတော့ဘဲ ကားကို ပြန်ကွေ့လိုက်တယ်။ ပန်းဆိုင်ရှေ့ ကားရပ်ပြီး ဆိုင်ထဲ သူအပြေးဝင်သွားခဲ့တယ်။

"ကျွန်တော်မှာထားတဲ့ပန်း ပို့လိုက်ပြီလား ခင်ဗျာ"

"မပို့ရသေးပါဘူး"

"ဒါဆို ကျွန်တော်ကိုယ်တိုင်ပဲ ယူသွားပါ့မယ်"

ကိုယ့်အနားရှိနေချိန်မှာ တန်ဖိုးထားရကောင်းမှန်း မသိဘဲ ဆုံးရှုံးသွားမှ လူတွေက နှမြောတတ်ကြတယ်။ ဒီလို နှမြောခြင်းတွေ ကိုယ့်ဆီမှာ မဖြစ်ပွါးဖို့ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ အလုပ်များနေပါစေ ကိုယ့်ချစ်တဲ့သူအတွက် အချိန်တစ်ချိန် ချန်ထားပေးဖို့ မမေ့သင့်ပါဘူး။ ဘဝဆိုတာ နောက်တစ်ကြိမ် ထပ်လာလို့ မရနိုင်ပါဘူး။ နောင်ဘဝ.. နောင်ဘဝသာရှိခဲ့ရင် ဒီထက်ပိုချစ်ပြမယ်လို့ ဂတိတွေပေးနေမယ့်အစား ဘာဖြစ်လို့ ဒီဘဝမှာ ကောင်းကောင်းတန်ဖိုးထားပြီး မချစ်ကြသလဲ? ရွေးချယ်မှုတွေ များနေလို့လား? ရွေးချယ်မှုတွေ များနေခဲ့လို့ပဲ ဘယ်သူ၊ ဘယ်အရာကို တန်ဖိုးထား ချစ်ရမယ်မှန်းမသိဘဲ တွေဝေခဲ့လို့လား?

ဖတ်မိတဲ့ စာလေးတစ်ပုဒ်က ဒီလိုရှိပါတယ်။ တစ်ခါက ဇနီးမောင်နှံနှစ်ဦးမှာ ဇနီးက ယောက်ျားကို မေးခဲ့တယ်။

"ဒီတသက်မှာ ကိုယ်ကြိုက်တဲ့ ကားတစ်စီးပဲ ဝယ်မယ်။ နောက်ထပ်သစ်လည်း လဲလို့ မရဘူးဆိုရင် ကားကို ဘယ်လိုထိန်းသိမ်းမလဲ?"

"အကောင်းဆုံး စက်ဆီကို သုံးမယ်၊ အချိန်ပြည့် ဂရုစိုက်မယ်၊ အမြဲတမ်း ဆေးကျောမယ်......" ယောက်ျားဖြစ်သူက အကောင်းဆုံးဖြစ်နိုင်မယ့် အရာတွေကို တသီကြီး ပြောခဲ့တယ်။

"ဒီလိုဆိုရင် တစ်သက်မှာ မိန်းမတစ်ယောက်ပဲယူရမယ်၊ လဲလို့မရဘူးဆိုရင်ကော....?"

ဇနီးရဲ့အမေးကြောင်း ယောက်ျားဖြစ်သူ မျက်နှာတစ်ခုလုံး နီရဲသွားခဲ့တယ်။ နောက် ဇနီးလက်ကို ဆုတ်ကိုင်ပြီး "ငါအဖြေသိပြီ" လို့ ပြန်ဖြေခဲ့တယ်။ ဇနီးကို ကြည့်တဲ့ သူ့အကြည့်မှာ အကြင်နာအခိုးတွေ ပိုပြည့်လျှံသွားခဲ့တယ်။

....................................................................................................................................
အားလုံးပဲကိုယ်ချစ်တဲ့သူကိုတန်ဖိုးထားနိုင်ကြပါစေ..........

Saturday, May 30, 2009

အချစ်ကို နားလည်သော ...

ဟိုးတစ်ချိန်က ကျွန်းလေးတစ်ကျွန်းမှာ ခံစားချက်တွေ အားလုံး နေထိုင်ကြတယ်။
ပျော်ရွှင်မှု၊ ကြေကွဲမှု၊ ချမ်းသာခြင်း၊ အသိပညာ စသဖြင့်ပေါ့။ အချစ်လည်း
နေပါတယ်။ တစ်နေ့တော့ သူတို့ စုပေါင်းနေကြတဲ့ ကျွန်းဟာ မကြာခင်မှာ
ပင်လယ်ထဲကို မြုပ်တော့မယ်လို့ သတိပေးကြေငြာချက် ထွက်လာတယ်။ ဒါနဲ့ပဲ
အားလုံးကိုယ်စီကိုယ်စီ လှေတွေ လုပ်ကြပြီး အဲဒီကျွန်းကနေ
ထွက်ခွာသွားကြတော့တယ်။ အချစ်က လွဲလို့ပေါ့။

သူက နောက်ဆုံးအချိန်ထိ မျှော်လင့်ချင်သေးတယ်လေ။ ကျွန်းကြီးတစ်ခုလုံး
မြုပ်ခါနီးပြီဆိုမှ အချစ်က သူ့ကိုလာကယ်ဖို့ အကူအညီ တောင်းမယ်လို့
ဆုံးဖြတ်လိုက်တယ်။

ချမ်းသာခြင်းကို လှေနဲ့ ဖြတ်သွားတာ မြင်လိုက်တော့ အချစ်က
"ဗျို့ ... ကိုချမ်းသာ၊ ကျနော့်ကို ခင်ဗျားနဲ့ အတူလိုက်ခွင့် ပေးပါလား။"
လို့ လှမ်းအကူအညီ တောင်းလိုက်တယ်။ ဒီတော့ ချမ်းသာခြင်းက
"ဝမ်းနည်းပါတယ် အချစ်ရာ။ လှေပေါ်မှာ တင်ထားတဲ့ ရွှေတွေ ငွေတွေနဲ့
ပြည့်နေတယ်။ မင်းအတွက် နေရာမရှိဘူး။" လို့ ငြင်းလိုက်တယ်။
ဘေးနား ရောက်လာတဲ့ မာနကို လှမ်းအကူအညီတောင်းတော့လည်း အဖြေက မထူးဘူး။
"ကိုယ် မင်းကို မကူညီနိုင်ဘူး အချစ်။ မင်း တစ်ကိုယ်လုံးလည်း ရွှဲလို့
ငါလှေ ပျက်သွားလိမ့်မယ်။ မဖြစ်ပါဘူး။"

ကြေကွဲမှုကို လှမ်းမြင်လိုက်တော့ အော်ပြောလိုက်တယ်။ "ကြေကွဲမှု၊
ကျနော့်ကိုလည်း ခေါ်သွားပါဦး။"
"အို ... အချစ်၊ ငါ တအား ဝမ်းနည်းနေလို့ပါကွာ။ တစ်ယောက်တည်းပဲ အေးဆေး
နေပါရစေ။" လို့ ပူဆွေးနေတဲ့ အသံနဲ့ ပြန်ဖြေလိုက်တယ်။

ပျော်ရွှင်မှု ဘေးနားက ဖြတ်သွားတာ မြင်တော့ လှမ်းခေါ်လိုက်ပေမယ့် သူ့ဖာသာ
အပျော်လုံးနဲ့ စို့နေတော့ ခေါ်နေတာတောင် မကြားနိုင်တော့ဘူးလေ။

အဲဒီလို အားကိုးရာမဲ့လို့ အားငယ်နေချိန်မှာ ရုတ်တရက် ဆိုသလို "လာ အချစ်။
ငါနဲ့ လိုက်ခဲ့။" ဆိုတဲ့ အသံတစ်သံ ထွက်လာတယ်။ သူ့ကြည့်ရတာ အသက်တော်တော်
ကြီးနေပါပြီ။ ဘာပဲ ဖြစ်ဖြစ်လေ။ အချစ်ခမျာ တအား ပျော်သွားပြီး လှေပေါ်
ခုန်တက်လိုက်တယ်။ ကယ်တင်ရှင်တွေ့ပြီ ဆိုပြီး အပျော်လွန်လိုက်တာ
အဘိုးအိုကို ဘယ်သွားမလို့လဲ ဆိုတာတောင် မမေးလိုက်မိဘူး။ နောက် ကမ်းခြေ
တစ်နေရာလည်း ရောက်ရော အချစ်ကို ချပြီးပြီးချင်း ဘာမှ မပြောဘဲ
လှေလှော်ပြီး ထွက်သွားလေရဲ့။

ကျေးဇူးတင်ချင်တာတောင် ဘယ်သူ့ တင်ရမှန်း မသိတဲ့ ဘဝ။ ဒါနဲ့ တခြားအဘိုးအို
တစ်ယောက်ဖြစ်တဲ့ ဦးပညာကို သွားမေးတော့တယ်။
"ကျနော်ကို ဘယ်သူ ကူညီသလဲဆိုတာ သိလား အဘ"
"အဲဒါ အချိန် ကွဲ့" လို့ အဘိုးအို ပြန်ဖြေတော့ "အချိန်" လို့ ပါးစပ်ကနေ
ရေရွတ်ရင်း စဉ်းစားနေမိတယ်။ အချစ်ရဲ့ မျက်နှာ အမူအရာကို အကဲခတ်မိတဲ့
ဘိုးပညာက တစ်ချက်ပြုံးလိုက်ပြီး ပြန်ဖြေလိုက်တယ်။
"အေးကွဲ့။ လောကမှာ အချစ်ရဲ့ တန်ဖိုးကို နားလည်နိုင်စွမ်းရှိတာ အချိန်ပဲ
ရှိတယ်မဟုတ်လား အမောင်ရဲ့"

xxxxxx ဝဝဝဝဝဝ xxxxxx

ဒီ ပုံပြင်လေး ဖတ်ပြီးသွားတော့ အတော်လေး တွေးနေဖြစ်တယ်။ လူတစ်ယောက်
အချစ်နဲ့ ဒုက္ခပင်လယ် ဝေနေချိန်မှာ ဘာကမှ အဖော်မပြုနိုင်ဘူး ဆိုတာကို
ကောင်းကောင်းကြီး သရုပ်ဖော်သွားပါတယ်။ ဒါပေမယ့် အဲဒီ ကျွန်းပေါ်မှာသာ
သူ့လိုပဲ နောက်ထပ် အချစ် တစ်ယောက် ထပ်ရှိနေရင်ကောလို့ တွေးမိပြန်တယ်။
ဒါဆိုလည်း ဒီကျွန်းပေါ်မှာပဲ ရေနစ်ပြီး သေချင်သေပါစေလို့
ပြောင်းတွေးသွားမလား ဆိုတာလည်း စိတ်ဝင်စားစရာပဲနော်။ အချစ်အကြောင်းကို
ဖတ်ရတိုင်း စဉ်းစားမိတိုင်း သူငယ်ချင်းတစ်ယောက် ပြောခဲ့တာကို
အမှတ်သွားသွား ရနေမိတယ်။ သူ့ရဲ့ စကားလေးကို အတွေးပွားနိုင်ဖို့ တင်ပြရင်း
.....
"အချစ်ဆိုတာ ကြက်သွန် လှီးတဲ့အခါ ကျတဲ့ မျက်ရည်လိုပဲ။ လှီးနေတုန်းတော့
ကျနေမှာပေါ့ကွာ။ လှီးပြီးသွားတော့လည်း ဘယ်ကျတော့မလဲ။ လှီးပြီးတဲ့အချိန်
မျက်ရည်ကျတဲ့ အကြောင်းကို ပြန်စဉ်းစားကြည့်ရင် ရယ်ချင်စရာကြီးကွ။
ထပ်လှီးကြည့် ထပ်ကျဦးမှာပဲ။ လုံးဝ မကျချင်ရင်တော့ မလှီးနဲ့ပေါ့ကွာ။"

Thursday, May 28, 2009

နုပျိုအောင် ဘယ်လိုနေမလဲ

1. အရေးမပါတာတွေကို ဘေးဖယ်ထားလိုက်ပါ။ အဲဒီ အရေးမပါတာတွေဆိုတဲ့

အရာတွေထဲမှာ အသက်ရယ်၊ ကိုယ်အလေးချိန်ရယ်၊ အရပ်အမြင့်ရယ်လည်းပဲ

ပါဝင်ပါတယ်။ ဆရာဝန်တွေရှိတာပဲ။ ဒီကိစ္စအတွက် ပူနေစရာ မလိုပါဘူးဗျာ။

ဒါကြောင့်လည်း ဆရာဝန်တွေကို များများလေးပေးရတာပေါ့လေ။



2. ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းပါ။ တစ်ချိန်လုံး

ညည်းညူနေခြင်းက သင့်ကိုဖျက်ဆီးနေရာ ရောက်ပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း

ညည်းညူနေတတ်သူတစ်ဦး ဖြစ်ခဲ့ရင်တော့ ဒီအချက်ကလေးကို သတိရလိုက်ပါနော်။







3. အမြဲတမ်း သင်ယူလေ့လာနေပါ။ ကွန်ပျူတာအကြောင်း၊

ဥယျာဉ်စိုက်ပျိုးခြင်းအကြောင်း၊ လက်မှုပညာအကြောင်း၊ ဘာကိုပဲ ဖြစ်ဖြစ်

သင်ယူလေ့လာနေဖို့ လိုအပ်ပါတယ်။ ဦးနှောက်ကို ဘယ်တော့မှ အနားမပေးပါနဲ့။

စကားပုံတောင် ရှိသေးတယ် မဟုတ်လား.. ဘာတဲ့ An idle mind is the devil's

workshop တဲ့ နောက်ဆက်တွဲအနေနဲ့ကတော့ The devil's name is Alzheimer's!

ပဲပေါ့



4. ရိုးရိုးလေးတွေနဲ့ပဲ နေတတ်အောင်ကြိုးစားကြည့်ပါ။



5. ရယ်မောပါ၊ အကြာကြီး ကျယ်ကျယ်လောင်လောင်ကို ရယ်မောပလိုက်ပါ။

ရယ်လွန်းလို့ ပင့်သက်ရှိုက်ရတဲ့အထိကိုပေါ့။ သင့်မှာ သင့်ကို

ရယ်မောပျော်ရွှင်အောင် လုပ်တတ်တဲ့ သူငယ်ချင်း တစ်ယောက်သာရှိမယ်ဆိုရင်

သူနဲ့ပဲ အချိန်ဖြုန်းနေလိုက်တာ အကောင်းဆုံးပါပဲ။







6. သင်ချစ်တတ်တဲ့ အရာတွေသင့်အနားမှာ ရှိနေပါစေ။ သင့်မိသားစု၊ သင်ချစ်တဲ့

တိရစ္ဆာန်၊ သင်ဝါသနာပါတဲ့အလုပ်၊ သင်နှစ်သက်တဲ့ သီချင်းတွေ ဘာပဲဖြစ်နေ

ဖြစ်နေ ဒါတွေနဲ့အတူ ရှိနေဖို့ လိုအပ်ပါတယ်။ သင်နားခိုဖို့ နေရာတစ်နေရလည်း

ရှိနေရမယ်နော်။ နောက်ပြီး ဘုရားသခင်နဲ့လည်း တည့်အောင်နေပေါ့ဗျာ။



7. မျက်ရည်ကျလောက်တဲ့ အဖြစ်မျိုးတွေ ကြုံလာခဲ့ရင်.. ကြံ့ကြံ့ခံပါ၊

ဝမ်းနည်းပူဆွေးနေလိုက်ပါ၊ ပြီးရင်တော့ စိတ်ထဲကနေ ထုတ်လိုက်ပါတော့။

ဘ၀တစ်လျှောက်လုံး ကိုယ်နဲ့အတူရှိနေမှာက ကိုယ်ကိုယ်တိုင်ပဲလေ။ ဒီတော့

ကိုယ်အသက်ရှင်နေစဉ်အတွင်းမှာ ရှင်သန်အောင် နေထိုင်ပါ။



8. ကိုယ့်အသက်ကိုယ် တန်ဘိုးထား မြတ်နိုးပါ။ ကျန်းမာရေး မကောင်းရင်

ကာကွယ်စောင့်ရှောက်ရမှာပေါ့။ မကြာခဏနေမကောင်း ဖြစ်နေရင်လည်း

ပိုကောင်းအောင် လုပ်တတ်ရမယ်လေ။ အင်း.. ကိုယ်ကိုယ်တိုင် ဘယ်လိုမှ

မကယ်နိုင်တဲ့ အဆုံးတော့ တစ်ခြားသူတွေရဲ့ အကူအညီကို ယူရတော့မှာပါပဲ။



9. မသွားချင်တဲ့ ခရီးတွေကို မသွားနဲ့လေ။ မောလ်တွေကို ရှော့ပင်ထွက်ပါ။

အိမ်နီးချင်းနိုင်ငံတွေကို သွားလည်ပါ။ နောက်.. တစ်ခြားသော နိုင်ငံခြား

တိုင်းပြည်တွေထိတောင် ရှော့ပင်ထွက်လိုက်ပါအုံး။ ဒါပေမယ့်.. စိတ်လွတ်

ကိုယ်လွတ်မဟုတ်တဲ့.. စနိုးစနောင့် ခရီးမျိုးတော့ မဖြစ်ဖို့ လိုအပ်တယ်လေ။





10. ကိုယ်ချစ်တဲ့ သူတွေကို အသက်ရှင်နေတုန်း၊ အခွင့်အရေးရတုန်းမှာ

ချစ်တယ်လို့ ဖွင့်ပြောလိုက်ပါ။

သ၀န်တိုခြင်း

-အချစ်ရဲ့ အတိမ်အနက်ပြ သင်္ကေတ အဖြစ် သ၀န်တိုမှုကို
ချစ်သူများကဖော်ပြလေ့ရှိသည်ကိုသိရသည်။
ချစ်သူ မိန်းကလေးသည် ယောက်ျားလေးအပေါ်
အခြားမိန်းကလေးနှင့်ပတ်သတ်ပြီး၊သ၀န်တိုမှုများလေလေ
အချစ်ကြီးလေလေဟုယူဆကြသည်။
ယောက်ျားလေးကလည်းသ၀န်တိုခြင်းသည် သူ့ကိုချစ်ခြင်းကြောင့်ဖြစ်သည်ဟု ယူဆကြသည်...။

-ဤသဘောထားသည် လွဲမှားသည့်သဘောထားဖြစ်၏။
အမှန်စင်စစ်အားဖြင့် သ၀န်တိုသူတို့၏ အချစ်သည် အားနည်းသည့်အချစ်သာလျှင်ဖြစ်သည်။
အချစ်ကြီးခြင်းကြောင့် သ၀န်တိုခြင်းကားမဟုတ်၊ရင့်ကျက်သော
စိတ်မရှိခြင်းကြောင့်သာ သ၀န်တိုခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် သ၀န်တိုအချစ်သည် အတ္တအချစ်ပင်ဖြစ်သည်။

-သ၀န်တိုတတ်သူတို့တွင် မုန်းတီးစိတ်နှင့် အပြစ်စွဲစိတ်များရှိနေတတ်သည်။
ထိုစိတ်များကို ချစ်သူအပေါ်ထင်ဟပ်ပြီး စွပ်စွဲနေခြင်းဖြစ်သည်။အချစ်စိတ်
လျော့နည်းလာခြင်းသည် သူမဟုတ် ချစ်သူသာလျှင်ဖြစ်သည်ဟု သူထင်မှတ်နေသည်။
သူ့စိတ်တွင်ရှိနေသည့် ချို့တဲ့သည့်စိတ်ထားများကို ချစ်သူအပေါ်
ထင်ဟပ်လာသည့် အခါတွင်၊သူ့တွင် မနာလို ၀န်တိုသည့်စိတ်များ ပေါ်ပေါက်လာတော့သည်။

-လွဲမှားသည့်စိတ်ထားများသည်လည်း သ၀န်တိုသူတို့တွင်ရှိနေတတ်သည်။
သူသည် ချစ်စရာမကောင်းသောကြောင့် သူ့ကို သူ့ချစ်သူက နှစ်နှစ်ကာကာ
မချစ်ဟု ယုံကြည်တတ်ကြသည်။သူသည် မုန်းစရာကောင်းသူ ဖြစ်သည်ဟုလည်း
ယူဆတတ်သည်။အချို့မှာ သူတို့တွင်ရှိနေသည့် မုန်းတီးစိတ်ကို မနာလို
သ၀န်တိုစိတ်အဖြစ် ပြောင်းလဲနိုင်မှသာ အချစ်စိတ်ပေါ်ပေါက်လာနိုင်ကြသည်။

-သ၀န်တိုတတ်သူတို့မှာ အလိုအလျောက် ချစ်တတ်ကြသူများမဟုတ်ကြ၊ပြိုင်ဘက်
တစ်ဦးဦးပေါ်ပေါက်လာမှသာ အခြားသူအပေါ် စိတ်ဝင်စားမှုရှိလာ
နိုင်သူများဖြစ်ကြသည်။သူတို့၏ဆက်ဆံရေးကို ခြိမ်းခြောက်မှု မရှိသေးသ၍
ချစ်စိတ် ခင်စိတ်ပေါ်ပေါက်လာနိုင်မည်မဟုတ်ပေ....။
သူငယ်ချင်းအားလုံး စစ်မှန်သောအချစ်၊ သ၀န်တိုခြင်းကင်းသောအချစ် ရရှိကြပါစေ။ ။

Sunday, May 17, 2009

စိတ်၏ အကွာအဝေး

တစ်နေ့တွင် ဆရာက ကျောင်းသားများကို 'လူတွေက ဘာဖြစ်လို့ ဒေါသထွက်တဲ့ အချိန်မှာ အော်ပြီး ပြောကြတာလဲ' ဟု မေးလေသည်။ ကျောင်းသားများက အချိန်အကြာကြီး စဉ်းစားနေကြသည်။ ကျောင်းသားတစ်ယောက်က 'စိတ်တည်ငြိမ်မှုတွေ ပျောက်ကုန်လို့ အော်တာပါ ဆရာ' ဟု ဖြေသည်။

ဆရာက 'ဒါပေမဲ့ တစ်ဘက်လူက ကိုယ့်ဘေးမှာ ရှိနေတာကို အေးအေးဆေးဆေး ပြောလို့ရပါလျှက်နဲ့ ဘာလို့ အော်ပြောကြတာလဲ' ဟု ပြန်မေးသည်။ ကျောင်းသားများက တစ်ယောက်တစ်ပေါက် ဖြေကြသည်။ သို့သော် ကျေနပ်သော အဖြေကို ဆရာ မရခဲ့ပါ။ နောက်ဆုံးတွင် ဆရာက ရှင်းပြသည်။

'လူနှစ်ယောက် စိတ်တို ဒေါသထွက်နေတဲ့ အချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်ဟာ အရမ်းကွာဝေးနေတယ်။ အဲဒီဝေးနေတဲ့ အကွာအဝေးကြောင့် အော်မှ ကြားနိုင်မယ်ထင်ပြီး အော်ကြတယ်။ အော်လေလေ ဒေါသပိုထွက်လေလေ၊ ဒေါသထွက်လေလေ စိတ်ရဲ့ အကွာအဝေးဟာ ဝေးလေလေ၊ စိတ်ကွာဝေးလေလေ အော်ကြလေလေပဲ' ဆရာက ဆက်ပြီး....

'လူနှစ်ယောက် သမီးရည်းစားဖြစ်နေတဲ့ အချိန်မှာ ဘယ်လိုဖြစ်တတ်ကြလဲ သိလား... အခုလို့ ဒေါသထွက်နေတဲ့ အချိန်နဲ့ ဆန့်ကျင်ဖက်ပေါ့။ ဘာကြောင့်လဲဆိုတော့ ရည်းစားဖြစ်နေသူ နှစ်ယောက်ရဲ့ စိတ်တွေက အရမ်းနီးနေတယ်။ စိတ်တစ်ခုနဲ့တစ်ခုဟာ ထပ်တူနီးနီးကျနေတယ်။ အဲဒါကြောင့် ရည်းစားဖြစ်နေသူ နှစ်ယောက်ဟာ စကားပြောတဲ့အချိန်မှာ တီးတိုးတီးတိုးပဲ ပြောကြတယ်။ အဲဒါကြောင့် စိတ်အကွာအဝေး နီးလေလေ၊ ပိုချစ်ကြလေလေ။ နောက်ဆုံး စကားပြောစရာတောင် မလိုတော့ဘဲ အမှုအရာချင်း၊ မျက်လုံးချင်း အချစ်တွေကို ဖလှယ်ကြတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်အကွာအဝေးဆိုတာ လုံးလုံး မရှိတော့ဘူး။ တစ်ထပ်တည်းကျသွားပြီ'

'လူနှစ်ယောက် ငြင်းခုံ၊ ရန်ဖြစ်နေတဲ့အချိန် စိတ်တွေကို မကွာဝေးစေနဲ့။ စိတ်ကွာဝေးစေတဲ့ စကားမျိုး မပြောသင့်ဘူး။ စိတ်တွေပြေကြမှ စိတ်ရဲ့ကွာဝေးမှု မရှိတော့မှ ပြဿနာကို ပြေပြေလည်လည် ဆွေးနွေးကြပေါ့' ဟု ဆရာက နောက်ဆုံး ရှင်းပြခဲ့သည်။

အချစ်နဲ့ခင်မင်မှု ရဲ့ စကားပြောခြင်း

တစ်ရက် အချစ်က ခင်မင်မှု နဲ့ တွေ့တော့ " ဒီကမ္ဘာမှာ ငါရှိနေပြီပဲ နင်ဘာလို့ရှိနေသေးတာလဲ"

ခင်မင်မှုက ရီပြီး

"အချစ်က လူကို မျက်ရည်ကျစေပြီး ခင်မင်မှုကတော့ မျက်ရည်တွေကို သုတ်ပေးတယ်…

တစ်ခါတစ်ရံ မင်းအတွက် စိတ်ပူတယ်၊ ဂရုစိုက်တယ်၊ ပျော်အောင်လုပ်ပေးတယ်၊ ဖြူစင်တဲ့မေတ္တာနဲ့ ပါ….. နာကျင်ခံစားနေချိန်မှာ ငါ့ကို ရင်ဖွင့်လို့ရတယ်…. သူသာတယ်ကိုယ်နာတယ်ဆိုတာ မရှိဘဲ ခေါ်ချင်တဲ့ အချိန်မှာ ခေါ်လို့ရတယ်…. ဖျားနာရင်လည်း အကြောင်းကြားလိုက်ပါ… ဘာပဲလုပ်လုပ် မမေ့ပါနဲ့ သူငယ်ချင်းဆိုတဲ့အတွက်ကြောင့်ပါ… ဒီလောက်တင်လုံလောက်ပါပြီ…………………"

Friday, May 15, 2009

သူတို့ပြောတဲ့ အချစ်

(၁) လူရယ်လို့ဖြစ်လာရင် ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ပျော်ရွှင်သလို သူ့အ
တွက်လဲ ပျော်ရမယ်။ ပျော်ရွှင်တဲ့လူဟာ အလှပဆုံးဖြစ်တယ်။ ဆွဲဆောင်မူ အ
ရှိဆုံးဖြစ်တယ်။ ယောက်ျားလေးတွေ အသက်ရှင်တာ မေ့လျော့ခြင်းကို လက်
ကိုင်ထားလို့။ မိန်းကလေးတွေ အသက်ရှင်တာ မှတ်သားခြင်းကို လက်ကိုင်
ထားလို့။ ............Socrates

(၂) လင်မယားဆိုတာ ကပ်ကြေးတစ်လက်နဲ့တူတယ်။ ထက်မြက်တဲ့ အသွား
နှစ်ခုဟာ ဘယ်တော့မှ မခွဲဘူး။ ဆန့်ကျင်ဖက် ဖြစ်နေပါစေ ကြားဝင်လာတဲ့
ပစ္စည်းကိုတော့ အသွားနှစ်ဖက်ပေါင်းပြီး ညှပ်ပစ်လိုက်နိုင်တယ်။..S. Smith

(၃) လူငယ်တွေရဲ့ အိပ်မက်ဟာ အချစ်၊ ငွေကြေးနဲ့ ကျန်းမာရေးတဲ့။ ဒါပေမဲ့
တချိန်ချိန်မှာတော့ ကျန်းမာရေး၊ ငွေကြေးနဲ့ အချစ်လို့ ပြောင်းလဲသွားတာကို
သူတို့ သတိပြုမိကြလိမ့်မယ်။.....Paul Jiruidi

(၄) မိန်းကလေးတွေဟာ စကားပြောတဲ့ အချိန်မှာ သူတို့ကို လျစ်လျူရှူထား
တဲ့ ယောက်ျားတွေနဲ့ပြောရင် အသံကျယ်ကျယ်နဲ့ ပြောတယ်။ သူတို့ကို ပျော်
အောင် စိတ်လှုပ်ရှားအောင်လုပ်တဲ့ ယောက်ျားတွေနဲ့ ဆိုရင် အသံတိုးတိုးနဲ့
ပြောတယ်။ သူတို့တကယ်ချစ်တဲ့ ယောက်ျားလေးနဲ့ကျတော့ အသံတိတ်နေ
တတ်တယ်။......George Eliot

(၅) ယောက်ျားလေးတွေအတွက် လက်ထပ်ခြင်းဆိုတာ သူတို့ရဲ့ လွတ်လပ်မူ
နဲ့ လောင်းကစားလုပ်တာပဲ။ မိန်းကလေးတွေကတော့ သူတို့ရဲ့ ပျော်ရွှင်ခြင်းနဲ့
လောင်းကစားလုပ်တာပဲ။....W. Somerset Maugham
အင်္ဂလိပ်စာရေးဆရာ W. Somerset Maughamနဲ့ အချို့စာရေးဆရာရဲ့ စာ
အချို့ကို ဒီထဲမှာ ကြည့်နိုင်ပါသေးတယ်။

(၆) အချစ်ဆိုတာ မီးတအိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိ
မှသာ မီးရဲ့ အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မညိမ်းနိုင်ဘူး။
Henry H. Hansa

(၇) ယောက်ျားလေးတွေ စီးကရက်တလိပ် သောက်ပြီး စိတ်ဖြေတာဟာ မိန်း
ကလေးတွေ တခါလောက် အားရပါးရ ငိုလိုက်တာနဲ့ ညီမျှတယ်။
Edwards.Mbowe Reighton

(၈) မိန်းကလေးတွေရဲ့ နုပျိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော်သိလိုက်ပြီ။ အဲဒါ
ကတော့ အသက်လိမ်ခြင်းပဲ။........ Shakespeare

(၉) အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။
Shannon Fafe

(၁၀) မိန်းကလေးတိုင်း ရွေးချယ်မူတခုကို ရင်ဆိုင်ရမှာပဲ။ လူချစ်လူခင်ပေါတဲ့
ယောက်ျားလေးကိုလက်ထပ်ရင် စိတ်မချဘူး။ လူချစ်လူခင်နည်းတဲ့ယောက်ျား
လေး ကျပြန်တော့ စိတ်မပါဘူး။..........Mark Twain

(၁၁) အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ပန်းတပွင့်နဲ့တူတယ်။
အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။......Shakespeare

(၁၂) အချစ်ဟာ ဘ၀ကို လောင်မြိုက်စေတယ်။
အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။.....Johann W. Goethe

(၁၃) လူတွေရဲ့ အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူ
တယ်။ လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။
Gelinbeier

(၁၄) အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလို
ယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။.....History Myers

(၁၅) ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘ၀မှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာမရှိရင်
ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ ရှိမှာမဟုတ်ဘူး။
Honore de Balzac

(၁၆) ငွေကြေးကြောင့် လက်ထပ်တဲ့လူလောက် ယုတ်မာတာ မရှိဘူး။
အချစ်တခုတည်းအတွက်နဲ့ လက်ထပ်တဲ့လူလောက် မိုက်မဲတာ မရှိဘူး။
Johnson

(၁၇) သာယာတဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက်မှာ တူညီတဲ့ခံစားမူတွေ
ရှိရမယ်။ တယောက်လွတ်လပ်မူကို တယောက်က ၀င်မစွက်ဖက်ရဘူး။ပေါင်း
ဖက်ရခြင်းကို တန်ဖိုးထားရမယ်။ ချစ်ခင်မူကို ထိန်းသိမ်းရမယ်။ ဒီအချက်တွေ
ကို လက်ကိုင်ထားရင် လက်ထပ်ခြင်းဆိုတာ ယောက်ျားလေးနဲ့ မိန်းကလေး
အတွက် အလှဆုံးနဲ့ အရေးပါဆုံးဖြစ်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။
Bertrand Russell

(၁၈) အချစ်ကို ပိုင်ဆိုင်ဖူးသလို အချစ်ကို ဆုံးရှုံးဖူးတာက တခါမှ မချစ်ဖူးတာ
ထက်စာရင် ကောင်းသေးတယ်။ Alfred Tennyson

(၁၉) အိမ်ဆိုတာ လူတွေရဲ့ အဆိုးအပြစ်နဲ့ ကျဆုံးခြင်းတွေ သိုဝှက်ထားတဲ့
တခုတည်းသော နေရာဖြစ်သလို ချစ်ခြင်းမေတ္တာနဲ့ ချိုမြိန်မူတွေကို သိုလှောင်
ထားတဲ့ နေရာလည်းဖြစ်တယ်။ Bernard Shaw

(၂၀) လူ....လူ...လူ...လူဆိုတာ ရယ်မောခြင်းနဲ့ မျက်ရည်ကြားက ချိန်သီးတစ်
လုံးဖြစ်တယ်။ Lord Byron

အချစ်.....အချစ်.....အချစ်ရဲ့ ရင်ခုန်သံဟာ အကောင်းဆုံး အိပ်ရာဝင်တေး
တစ်ပုဒ်ဖြစ်တယ်။

Answer...???

ညနေခင်းလေးတစ်ခု... လှပတဲ့ ဆည်းဆာနေရောင်က လောကတစ်ခွင်ကို ဖြန့်ကြက်ထားတယ်။ ရှည်လျှားတဲ့ လမ်းမထက်က စက်ဘီးလေး တစ်စီးပေါ်မှာ ကောင်လေးက ကောင်မလေးကို တင်နင်းထားတယ်။

"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ! "

ကောင်လေးခါးကို ပွေ့ဖက်ထားတဲ့ ကောင်မလေးက ကောင်လေးကျောကို မှီပြီး ခပ်တိုးတိုးလေး မေးတယ်။ ကောင်လေးရဲ့အဖြေက ကောင်မလေး စိတ်ကျေနပ်လောက်တဲ့ အမှတ်ပြည့်အဖြေ မဟုတ်မှန်း ကောင်မလေးသိနေခဲ့တယ်။

"ချစ်စရာ စကားလေးတွေနဲ့ ဖြေဖို့ အခွင့်အရေးပေးမယ်" ကောင်မလေးက ချွဲနွဲ့ပြီးပြောတော့ ကောင်လေးက စိတ်ပါလက်ပါ စဉ်းစားလိုက်တယ်။

မီးနီနေတုန်း ကောင်လေးက ကောင်မလေးကို လက်"တစ်"ချောင်းထောင်ပြပြီး အဖြေပေးလိုက်တယ်။ ကောင်မလေးက ဝမ်းသာအားရ "တစ်သက်လုံး! " လို့ ပြောတယ်။

ကောင်လေးရီလိုက်တယ်။ ကောင်မလေးရဲ့ အပြောမှန်သွားလို့ မဟုတ်ပါဘူး။ ကောင်မလေးဆီက အပျော်တွေ ကူးစက်သွားလို့ဖြစ်တယ်။ မီးစိမ်းတော့ ကောင်လေးက စက်ဘီးကိုဆက်နင်းပြီး ကောင်မလေးကို တိုးတိုးလေး ပြောတယ်။

"နင့်ကိုငါ ဒီလိုအဖြေမျိုးပေးမှာ မဟုတ်ဘူး။ ဒီလိုအဖြေမျိုးက လူတိုင်းဖြေတတ်တဲ့အတွက် မစစ်မှန်သလိုပဲ... ပြန်စဉ်းစားကြည့်ပါအုန်း"

ကောင်လေးစကားကို ကောင်မလေးက ခေါင်းညိတ်ထောက်ခံရင်း "ဒီလိုဆိုရင် တစ်ရက်လား?"

"ဟား..ဟား ငါတို့ချစ်တာတောင် နှစ်လကျော်နေပြီ။ တစ်ရက်၊ တစ်ပတ်၊ တစ်လဆိုတဲ့ အဖြေမျိုးက မဖြစ်နိုင်ဘူးလေ"

ကောင်လေးအပြောမှာ ကောင်မလေးရောယောင် ရီရင်း " တခဏတော့ မဟုတ်ရပါဘူးနော်" လို့ အသံကျယ်ကြီးနဲ့ မေးတယ်။

ကောင်မလေးအပြောကြောင့် စက်ဘီးလဲမတတ် ကောင်လေးအော်ရီမိတယ်။ ကောင်မလေးရဲ့ ဒီလို ရွတ်နောက်နောက်အပြောနဲ့ ကြည်လင်တဲ့ ရယ်သံတွေကို ကောင်လေး အရမ်းချစ်ခဲ့တယ်။ ကောင်မလေးရဲ့လက်ကို ကောင်လေးတင်းတင်းလေး ဆုတ်ကိုင်ထားလိုက်တယ်။

"ဒီလိုဆိုရင် တစ်နှစ်လား?" ကောင်လေး ခေါင်းခါပြလိုက်တယ်။

"ဒီလိုဆိုရင် နှစ်တစ်ရာကွာ... ငါ့ကို နှစ်တစ်ရာချစ်ရင် ရပြီ" ကောင်မလေးက စိတ်မရှည်ဘဲ ပြောနေပေမယ့် မျက်နှာပေါ်မှာ အပျော်ရိပ်တွေ သမ်းနေခဲ့တယ်။

"နှစ်တစ်ရာ! မတိုလွန်းဘူးလားကွာ.. နှစ်တစ်ရာနဲ့ ငါနင့်ကို ချစ်လို့ မဝနိုင်ဘူး" ကောင်လေးရဲ့ စကားလက်နက်က ကောင်မလေးရဲ့နှလုံးသားထဲ စူးစူးနစ်နစ် ထိုးစိုက်သွားတယ်။ ကောင်မလေးရဲ့ တိုးညှင်းညှင်းရီသံက ကောင်လေးကို မီးနီဖြတ်မောင်းရဲတဲ့ အင်အားတွေ ပေးခဲ့တယ်။

"အဖြေကို သိချင်ပြီလား?" ကောင်လေး ဖြေချင်နေပြီ။

"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ?" ကောင်မလေးလည်း အဖြေကို ကြားချင်နေပြီ။

ကောင်လေးက လက်တစ်ချောင်းထောင်ပြရင်း "နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်"

ကောင်လေးစကားကြောင့် ကောင်မလေး ငေးငိုင်သွားခဲ့ရတယ်။

နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်!


အဲဒီတစ်နေ့က ဘယ်လောက်ကြာနိုင်မလဲ? တိုနိုင်သလို ၊ ရှည်နိုင်တယ်။ ထာဝရ၊ တခဏလဲ ဖြစ်နိုင်ပေမယ့် တိကျတဲ့ အဖြေဖြစ်ခဲ့ပါတယ်။

လီမွန်တီး

ကော်ဖီဆိုင် တစ်ဆိုင်မှာ စုံတွဲတစ်တွဲ မုန်တိုင်းထန် နေတယ်။ ကောင်မလေးရဲ့ မျက်ဝန်းမှာ တိမ်တွေ ညိုနေတယ်။ ကောင်လေးက လေထန်နေတယ်။ ခဏနေတော့ လေငြိမ်သွား တယ်။ မိုးတွေ တရဟော ရွာချပါလေရော.... ကောင်မလေးက စိတ်တိုတိုနဲ့ ရှေ့မှာ ချထားတဲ့ လီမွန်တီးကို အားနဲ့ မွှေပစ်လိုက်တယ်။ အခွံပါတဲ့ လီမွန်က ကောင်မလေးရဲ့ ဒေါသဇွန်းအောက်မှာ မွမွကြေလို့.. ကောက်သောက်ကြည့် လိုက်တော့ လီမွန်တီးက ခါးသက်သက်... စားပွဲထိုးတစ်ယောက်ကို လက်ပြလိုက်တယ်။ စကားမပြောဘဲ စူပုပ်နေတဲ့ မျက်နှာအမှုအရာနဲ့ လီမွန်တီးကို မေးဆတ်ပြလိုက်တယ်။ နောက်တစ်ခွက်လဲပေးဆိုတဲ့ အမှုအရာနဲ့... လီမွန်တီး နောက်တစ်ခွက် လာချပြန်တယ်။ အခွံပါတဲ့ လီမွန်က ကောင်မလေးရဲ့ ဒေါသကို ပြန်ဆွပေးလိုက်တယ်။ မကျေမနပ်ဖြစ်နေတဲ့ ဒေါသကို စားပွဲထိုးဆီ ဦးတည်လိုက်တယ်။ "အခွံမပါတဲ့ လီမွန်ထည့်ပါလို့ ပြောလိုက်တာ မင်း မကြားဘူးလား" စားပွဲထိုးက ကောင်မလေးကို သေချာကြည့်တယ်။ ပြီးတော့... " အစ်မလေး.. မလောနဲ့လေ... အခွံပါတဲ့ လီမွန်က တီးထဲ ပျော်ဝင်ပြီး ချိုမြမြ အရသာနဲ့ သောက်သူကို လန်းဆန်းစေနိုင်တယ်။ အခုချိန်မှာ အစ်မလိုနေတဲ့ အရသာမျိုးပေါ့။ လီမွန်ကို အချိန်တိုအတွင်း တီးထဲပျော်ဝင်အောင်ဆိုပြီး သွားမမွေ၊ မဖိလိုက်နဲ့။ အဲဒီလိုလုပ်ရင် ခါးတဲ့ အရသာတွေပဲ ထွက်လာပြီး တီးကိုလဲ နောက်စေတယ်" ကောင်မလေး တစ်ချက်တွေသွားတယ်။ စားပွဲထိုးကို ပြန်ကြည့်ပြီး... "ဘယ်လောက်ကြာကြာစောင့်မှ လီမွန်ရဲ့အရသာတွေက တီးထဲ ပျော်ဝင်စေမလဲ"
"၁၂ နာရီ.... စိတ်ရှည်လက်ရှည် ၁၂ နာရီလောက်စောင့်မှ ကိုယ်လိုချင်တဲ့ အကောင်းဆုံး အရသာကိုရမှာ" စားပွဲထိုးက ပြုံးပြီးဖြေတယ်။ ဆက်ပြီး...
"တကယ်ဆိုရင် တီးဖျော်တာတင် မဟုတ်ဘူး။ ဘ၀မှာ စိတ်ညစ်စရာတွေ ကြုံရင်လဲ အချိန်ယူပြီး သည်းခံ စောင့်စားလိုက်ရင် စိတ်ညစ်စရာတွေက ကိုယ်ထင်သလောက် မကြီးကျယ်ပါဘူး" "မင်းဘာကို ဆိုလိုချင်သလဲ" ဒေါသမျက်စောင်းက ဟုန်းခနဲ... " ကျွန်တော်က အစ်မကို လီမွန်တီး ဖျော်နည်းလေး ပြောပြတာပါ။ တီးဖျော်နည်းနဲ့ ဘ၀ကိုလည်း ကောင်းတဲ့ တီးတစ်ခွက်ဖြစ်အောင် ဖျော်နိုင်ကြောင်းကို ပြောပြတာပါ" ဒေါသ မျက်စောင်းအောက်မှာ ပြာကျသွားမှာ စိုးလို့ စားပွဲထိုးက ကိုယ်ကို ကိုင်းညွှတ်ပြီး နောက်ဆုတ်သွားတယ်။ ကောင်မလေးရဲ့ ရှေ့မှာတော့ လီမွန်တီးရဲ့ မျက်နှာပြင်က ငြိမ်သက်လို့...
အိမ်ပြန်ရောက်တော့ လီမွန်တီးတစ်ခွက်ကို သူဖျော်ကြည့်လိုက်တယ်။ ၀ိုင်းစက်စက် လီမွန်ကို လှီးပြီး တီးထဲ ထည့်လိုက်တယ်။ လီမွန်တွေ ဖန်ခွက်အောက် တဖြည်းဖြည်း နစ်ဝင်သွားတယ်။ အသက်ရှူသလို လီမွန်ဖတ်တွေ တီးထဲမှာ ပျော်ဝင်နေတာကို ငြိမ်ငြိမ်လေး ထိုင်ကြည့်နေလိုက်တယ်။ လီမွန်မျှင်လေးတွေမှာ တီးတွေ တွဲခိုနေတယ်။ နောက်တော့ လီမွန်ရဲ့  အရသာတွေ၊ ၀ိညာဉ်တွေ တီးထဲ ပျော်ဝင်ကုန်တယ်။ ၁၂ နာရီ ကြာတော့ တီးကို သူ သောက်ကြည့်လိုက်တယ်။ သူတစ်ခါမှ မသောက်ခဲ့ဖူးတဲ့ လီမွန်တီးရဲ့  အရသာက လျှာကို လာထိတယ်။ ဒါဟာ လီမွန်ရဲ့  ၀ိညာဉ်တွေ တီးထဲ အကုန်ပျော်ဝင်လို့ ထွက်ပေါ်လာတဲ့ အရသာဆိုတာကို သူသဘောပေါက်လိုက်တယ်။ လီမွန်တီးကို အရသာခံ သောက်နေတုန်း လူခေါင်းဘဲလ်က မြည်လာတယ်။ တံခါးဖွင့်ကြည့်လိုက်တော့ နှင်းဆီပန်းတွေ ပွေ့ထားတဲ့ ကောင်လေးကို တံခါးဝမှာ တွေ့လိုက်တယ်။ "၀င်ခဲ့လို့ ရလား" ...."အင်း" ကောင်မလေး ခေါင်းညိတ်ပြီး ပြုံးပြလိုက်တယ်။ လီမွန်တီးကို ကောင်လေးရှေ့တွန်းပို့ပေးလိုက်ရင်း... "ဘယ်လို စိတ်ညစ်စရာပဲ တွေ့တွေ့ နောက်ဆို ငါတို့ လွယ်လွယ်နဲ့ စိတ်မဆိုး၊ စိတ်မကောက်ကြဘဲ ဒီလီမွန်တီး ရဲ့  အတုကို ငါတို့ယူကြရအောင်နော်" ...." ဘာဖြစ်လို့ လီမွန်တီး ကိုအတုယူရမလဲ" ကောင်လေးက သဘောမပေါက်ဟန်နဲ့ မေးတယ်။ "ဒီလို ကောင်းတဲ့ အရသာကို ရဖို့ စိတ်ရှည်ရှည်နဲ့ သည်းခံပြီး စောင့်ရလို့ပေါ့" နောက်တော့ ကောင်မလေးက လီမွန်တီးဖျော်နည်း လျှို့ဝှက်ချက်ကို ဘ၀ထဲ သယ်လာခဲ့တယ်။ ပြဿနာ တစ်ခုကို ကမူးကရူး မဆုံးဖြတ်တော့ဘဲ ခေါင်းအေးအေးနဲ့ စိတ်ရှည်သည်းခံပြီး စောင့်ခဲ့တယ်။ လီမွန်တီးရဲ့ အကောင်းဆုံး အရသာကို သောက်ရင်း ဘ၀ရဲ့ ပျော်ရွှင်မှု အရသာကိုလည်း မြည်းစမ်းနေခဲ့တယ်။ စားပွဲထိုး ကောင်လေးပြောတဲ့ စကားကိုတော့ သူဘယ်တော့မှ မမေ့ခဲ့ပါဘူး။

"လီမွန်ကို အချိန်တိုအတွင်း တီးထဲ ပျော်ဝင်အောင်ဆိုပြီး သွားမမွေ၊ မဖိလိုက်နဲ့။ အဲဒီလိုလုပ်ရင် ခါးတဲ့ အရသာတွေပဲ ထွက်လာပြီး တီးကိုလဲ နောက်စေတယ်"

Tuesday, May 12, 2009

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်...

ပန်းက တစ်သက်မှာ တစ်ခါပဲပွင့်ပြီး ပန်းပွင့်ချိန် ၄. ၅ နာရီသာ
ကြာမြင့်တဲ့ ပန်းမျိုးဖြစ်တယ်။ တစ်သက်မှာတစ်ခါ ဖူးပွင့်ရတဲ့
တိုတောင်းချိန်ကို သူဂရုမစိုက်ခဲ့ဘူး။ ဖူးပွင့်ရဲတဲ့ အစွမ်းသတ္တိကိုပဲ
သူထုတ်ပြခဲ့တယ်။

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်
နေထိုင်နိုင်ဖို့ ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။

ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။

ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။

ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။

ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။

ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။

ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။

Tuesday, April 21, 2009

"U"

How can I spell S_CCESS without "U"?
I can't even have F_N or any good L_CK without "U".
Look like I just can't S_RVIVE without "U".

Friday, April 17, 2009

Tuesday, April 14, 2009

So nice

Welcome To My Life



Lemon Tree



Blame on Me



Heal The World



Because of you



I'm yours

Saturday, April 11, 2009

ကြိုးစားကြည့်ပါ...

>
>1. ရေများများသောက်ပါ
>
> 2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
> သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)
>
> 3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊
>
> 4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
> တို့ဖြစ်ပါတယ်။
>
> 5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း
> ပြုလုပ်ပေးသင့်ပါတယ်။
>
> 6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။
>
> 7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။
>
> 8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။
>
> 9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်မဆို 10
> နာရီလောက် အိပ်တာ)
>
> 10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။
> လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။
> (အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)
>
>
> Personality:
>
> 11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို
> လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။
>
> 12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ
> မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ
> ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
> လုပ်လိုက်ပါ။
>
> 13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။
>
> 14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ
> ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။
>
> 15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။
>
> 16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။
>
> 17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ
> ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။
>
> 18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊
> ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။
> ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။
>
> 19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့
> အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။
>
> 20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။
>
> 21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်
> မဖြစ်နိုင်ပါဘူး။
>
> 22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ
> ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့
> အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို
> ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့
> သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။
>
> 23. များများပြုံးပါ၊ များများရီပါ။
>
> 24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်
> သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။
>
>
> Society:
>
> 25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။
> တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။
>
> 26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။
>
> 27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
> (သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)
>
> 28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့
> အချိန်များများ ပိုဖြုန်းပါ။
>
> 29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်
> ကြိုးစားကြည့်ပါလား။
>
> 30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။
>
> 31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
> မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ
> ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။
>
>
> Life:
>
> 32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။
>
> 33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့
> အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။
>
> 34. ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။
>
> 35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ
> ပြောင်းလဲနေမှာ ပါပဲ။
>
> 36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
> အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။
>
> 37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။
>
> 38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက်
> ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။
>
> 39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်
> ပျော်ပျော်သာနေပါ။